ကလေးငယ်များအား လိင်အဓမ္မကျုးလွန်သူများအား သင်းကွပ်ပစ်သင့်ဟု အိန္ဒိယတရားရုံးပြော

ကလေးငယ်များအား လိင်အဓမ္မကျုးလွန်သူများအား သင်းကွပ်ပစ်သင့်ဟု အိန္ဒိယတရားရုံးပြော

ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်ရေးတွင် တည်ဆဲဥပဒေများက ထိရောက်မှုမရှိခြင်းကြောင့် ကလေးမုဒိမ်းမှု ကျုးလွန်သူများကို သင်းကွပ်ပစ်သင့်ကြောင်း အိန္ဒိယတရာရုံးတစ်ရုံးက ပြောသည်။

ဗြိတိန်နိုင်ငံသားတစ်ဦး၏ ယောက်ကျားလေးငယ်တစ်ဦးကို လိင်မဖွယ်မရာပြုကျင့်မှု အမှုတွင် မဒရပ်တရားရုံးတွင် အသနားခံလွှာလျှောက်ထားခြင်းကို တရားသူကြီး ကီရူဘာကာရန်က ပလပ်လိုက်ရာတွင် ယင်းသို့ မှတ်ချက်ပြုပြောကြားလိုက်ခြင်းဖြစ်သည်။

ယခုလအစောပိုင်းကလည်း ကလေးငယ်သုံးဦး အဓမ္မပြုကျင့်ခံရ၍ ဆူပူဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ရသည်။

လွန်ခဲ့သည့်နှစ်နှစ်က ကျောင်းသူတစ်ဦး အုပ်လိုက်မုဒိမ်းပြုကျင့်ခံရကာ လူမဆန်စွာ သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီးနောက် အိန္ဒိယသည် လိင်အကြမ်းဖက်ကျုးလွန်မှုများအပေါ် ဥပဒေတင်းကြပ်လာခဲ့သည်။

သို့သော် အမျိုးသမီးများနှင့် ကလေးငယ်များအပေါ် လိင်တိုက်ခိုက်မှုများက လျော့မသွားဘဲ ဆက်လက်ဖြစ်ပွားနေသည်။

"လိင်ပြုကျင့်တိုက်ခတ်မှုများကို ကိုင်တွယ်ရာမှာ ဥပဒေကလည်း မနိုင်တော့ဘူးဆိုရင် တရားရုံးအနေနဲ့ လက်မှိုင်ချပြီး နှုတ်ဆိတ်မနေနိုင်ပါဘူး။ သင်းကွပ်အပြစ်ဒဏ်သာ ပေးမယ်ဆိုရင် ကလေးတွေအပေါ် ကျုးလွန်နေတဲ့ ရာဇဝတ်မှုတွေ ဟန့်တားရေးမှာ အံ့ဖွယ်ရလဒ်တွေ ဖြစ်ထွန်းစေမယ်လို့ ကျိန်းသေပြောဝံ့ပါတယ်။"ဟု တရားသူကြီး ကီရူဘာကာရန်က ပြောကြားခဲ့သည်။

Ref ; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly