အရှေ့တောင်အာရှနိုင်ငံများက နေများနှင့် ပြင်ပဂြိုဟ်များကို ကိုယ်ပိုင်နာမည် အသီးသီး မှည့်ခေါ်

အရှေ့တောင်အာရှနိုင်ငံများက နေများနှင့် ပြင်ပဂြိုဟ်များကို ကိုယ်ပိုင်နာမည် အသီးသီး မှည့်ခေါ်

မြန်မာ၊ စင်ကာပူ၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့အပါအဝင် အရှေ့တောင်အာရှနိုင်ငံတော်တော်များများသည် နေနှင့် ပြင်ပဂြိုဟ်များကို ကိုယ်ပိုင်နာမည်အသီးသီး အောင်မြင်စွာ သတ်မှတ်ပေးလိုက်ကြပြီ ဖြစ်သည်။

နိုင်ငံတကာ နက္ခတ္တအဖွဲ့၏ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ပရောဂျက်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ယခုကဲ့သို့ လုပ်ဆောင်ကြခြင်း ဖြစ်သည်။

စင်ကာပူက ၎င်း၏ ကိုယ်ပိုင်နေကို Parumleo ဟုလည်းကောင်း၊ မလေးရှားက Intan၊ ထိုင်းက Chao Phraya၊ ဖိလစ်ပိုင်က Amansinaya၊ ဘရူနိုင်းက Gumala နှင့် မြန်မာနိုင်ငံက ၎င်း၏ ကိုယ်ပိုင်နေကို Ayeyarwady အဖြစ် အသီးသီး မှည့်ခေါ်ပေးအပ်ခဲ့ကြကြောင်း နိုင်ငံတကာ နက္ခတ္တဗေဒဆိုင်ရာ သမဂ္ဂအရ သိရသည်။

သက်ဆိုင်ရာ နိုင်ငံအသီးသီးအနေဖြင့် ထိုသို့ မှည့်ခေါ်နိုင်ရေး ယှဉ်ပြိုင်ပြီးနောက် ယင်းသမဂ္ဂသို့ နာမည်စာရင်းသွင်းကြရခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ ကိုယ်ပိုင်နေ ဧရာဝတီကို လည်ပတ်နေသော ဂြိုဟ်ကို Bagan ပုဂံဟု အမည်မှည့်ခေါ်ခဲ့သည်။

စင်ကာပူ၏ ကိုယ်ပိုင်နေ Parumleo အား လှည့်ပတ်နေသော ဂြိုဟ်ကို Viclulus ဟုလည်းကောင်း၊ ထိုင်း၏ Chao Phraya နေကို လှည့်ပတ်နေသော ဂြိုဟ်ကို Mae Ping အဖြစ်လည်းကောင်း အသီးသီး မှည့်ခေါ်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly