မျိုးပွားကူညီပေးခဲ့သော ဧရာမကုန်းလိပ်ကြီးအား ဇာတိကျွန်းသို့ ပြန်ပို့မည်

မျိုးပွားကူညီပေးခဲ့သော ဧရာမကုန်းလိပ်ကြီးအား ဇာတိကျွန်းသို့ ပြန်ပို့မည်

ဇန်နဝါရီ ၁၁  ။                     ။အီကွေဒေါနိုင်ငံ ဂါလာပါဂိုးကျွန်းစုသို့ ‌ခေါ်ဆောင်လာပြီး မျိုးသုဉ်းမှုမဖြစ်စေရေးအတွက် မျိုးပွားကူညီပေးခဲ့သော သက်တမ်း ၁၀၀ ကျော်ရှိ ဧရာမကုန်းလိပ်ကြီးကို ယခုနှစ်တွင် ၎င်း၏ဇာတိ အက်စ်ပါနိုလာကျွန်းသို့ ပြန်ပို့တော့မည်ဖြစ်သည်။

အက်စ်ပါနိုလာကုန်းလိပ် စခန်းသွင်းမျိုးပွားမှုအစီအစဉ် အောင်မြင်သွားပြီဖြစ်သည့်အတွက် ဒေးဂိုးဟု အမည်ပေးထားသည့် ကုန်းလိပ်ကြီးအား လာမည့် မတ်လတွင် မူရင်းနေရပ်ပြန်ပို့မည်ဖြစ်သည်။

အာချီပဲလာဂိုကျွန်းစုအရှေ့တောင်ဘက်စွန်းရှိ ကျွန်းတစ်ကျွန်းဖြစ်သည့် အက်စ်ပါနိုလာကျွန်းပေါ်တွင် အဆိုပါလိပ်များ၏ အရေအတွက်နှင့် သက်ရှင်နေထိုင်နိုင်မှုအခြေအနေ  သိသိသာသာ ပြန်ကောင်းလာသည့်အတွက် ပျိုးပွားအစီအစဉ်ကို ရပ်တန့်တော့မည်ဖြစ်သည်။

ဂါလာပါဂိုးအမျိုးသားဥယျာဉ်မှ ဒါရိုက်တာဖြစ်သည် ဂျော့ချ်ကယ်ရီအွန်က ကျွန်းပေါ်တွင် မူလရှိခဲ့သည့် ကုန်းလိပ်အကောင်ရေ ၄ သိန်းခန့်၏ ၁၅ ရာခိုင်နှုန်းသာ လက်ရှိအချိန်တွင် ကျန်ရှိတော့သည်ဟု ဆိုသည်။

အက်စ်ပါနိုလာကျွန်းသည် သေးငယ်ခြောက်သွေ့ပြီး အလွယ်တကူ ဝင်ထွက်သွားနိုင်ကာ ပင်လယ်ဓားပြများ၏ ကိုယ်ကျိုးရှာသတ်ဖြတ်ခြင်းများကြောင့် လွန်ခဲ့သောနှစ်ပေါင်းများစွာက ကုန်းလိပ်အကောင်ရေ သိသိသာသာ ကျဆင်းသွားခဲ့သည်။

ထို့ကြောင့် ကုန်းလိပ်ကြီး ၁၄ ကောင်ကို ဂါလာပါဂိုးကျွန်းရှိ ထိန်းသိမ်းမွေးမြူရေးစင်တာသို့ ပို့ဆောင်ထားခဲ့သည်။ ဒေးဂိုးလိပ်ကြီးကိုလည်း အသက် ၃၀ ကျော်အရွယ်လောက်က ထိုနေရာ၌ ခေါ်ဆောင်ထားခဲ့ပြီး ကမ္ဘာကျော် ဆန်ဒီယာဂိုတိရစ္ဆာန်ရုံသို့ ပြောင်းရွှေ့ထားခဲ့သည်။  

အဆိုပါကုန်းလိပ် ၁၅ ကောင်ကို မျိုးသုဉ်းမပျောက်ကွယ်စေရေးအတွက် သားစပ်ရန် မွေးမြူထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly