ယူကရိန်းလေယာဉ်ကို အထင်မှားပြီး အီရန်စစ်တပ်မှ ပစ်ချခဲ့ကြောင်း ဝန်ခံ

ယူကရိန်းလေယာဉ်ကို အထင်မှားပြီး အီရန်စစ်တပ်မှ ပစ်ချခဲ့ကြောင်း ဝန်ခံ
Photo: AFP

တီဟီရန်၊ ဇန်နဝါရီ ၁၁ ။          ။ ပျက်ကျခဲ့သည့် ယူကရိန်းလေယာဉ်ကို အီရန်စစ်တပ်မှ မတော်တဆမှားယွင်း၍  ပစ်ချခဲ့ခြင်းဖြစ်ကြောင်း အီရန်အစိုးရ ဒီကနေ့ (ဇန်နဝါရီ ၁၁ ) မနက်ပိုင်းတွင် အီရန်အစိုးရရုပ်သံဌာနမှ ထုတ်ပြန်ကြေညာသည်။

ဇန်နဝါရီ ၈ ရက်က ပျက်ကျခဲ့သည့် ယူကရိန်းလေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၃၇ ကို အီရန်တို့က ပစ်ချလိုက်ကြောင်း အနောက်နိုင်ငံများက ယူဆပြောဆိုခဲ့သော်လည်း အစောပိုင်းတွင် အီရန်တို့က ငြင်းဆန်နေခဲ့သည်။

ပစ်ချခဲ့သူများကို တာဝန်ခံတာဝန်ယူမှု လုပ်ဆောင်ခိုင်းသွားမည်ဖြစ်ကြောင်း အီရန်အစိုးရရုပ်သံဌာနက ပြောသည်။

အီရန်သည် အမေရိကန်ကို လက်စားချေရန်ပြင်ဆင်နေချိန်တွင် အဆိုပါခရီးသည်တင်လေယာဉ်ကို ရန်သူ့စစ်လေယာဉ်ထင်မှတ်ပြီး ပစ်ချခဲ့ခြင်းဖြစ်နိုင်ကြောင်း အမေရိကန်မီဒီယာများက ယမန်နေ့က ခန့်မှန်းပြောဆိုခဲ့သည်။

အီရန်တို့က အီရတ်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို တိုက်ခိုက်ပြီး နာရီပိုင်းအကြာ  ယူကရိန်းနိုင်ငံ သို့ထွက်ခွါသွားသည့် လူ ၁၇၆ ဦးလိုက်ပါသွားသော ဘိုးရင်းအမျိုးအစား PS752 သည် တီဟီရန်လေဆိပ်မှ ပျံတက်အပြီး မိနစ်ပိုင်းအကြာတွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly