မက္ကဆီကိုတွင် ၁၁ နှစ်အရွယ်ကျောင်းသားမှ သေနတ်ဖြင့်ပစ်ခတ်ရာ ၎င်းအပါအဝင် ၂ ဦးသေ ၆ ဦးဒဏ်ရာရ

မက္ကဆီကိုတွင် ၁၁ နှစ်အရွယ်ကျောင်းသားမှ သေနတ်ဖြင့်ပစ်ခတ်ရာ ၎င်းအပါအဝင် ၂ ဦးသေ ၆ ဦးဒဏ်ရာရ

တိုရီရွန်၊ မက္ကဆီကို ဇန်နဝါရီ ၁၁ ။            ။ မက္ကဆီကိုနိုင်ငံမြောက်ပိုင်း ကိုအာဝီလာပြည်နယ် တိုရီရွန်မြို့ရှိ ပုဂ္ဂလိက မူလတန်းကျောင်းတစ်ကျောင်းတွင် ဇန်နဝါရီ ၁၁ ရက်က အသက် ၁၁ နှစ်အရွယ်ရှိကျောင်းသားတစ်ဦးမှ လက်နက်ကိုင်ပစ်ခတ်မှုကြောင့် အဆိုပါကျောင်းသားနှင့် ဆရာမတစ်ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ကျောင်းတက်ချိန်စပြီးနောက်  ဒေသစံတော်ချိန် နံနက် ၈ နာရီ ၂၀ ခန့်တွင် ထိုကျောင်းသားမှ သန့်စင်ခန်းသွားရန် ဆရာမထံခွင့်တောင်းခဲ့သည်ဟုဆိုသည်။ ၁၅ မိနစ်ကြာသည့်အထိ ပြန်ထွက်မလာ၍ ဆရာမမှ လိုက်သွားစဉ်  ကျောင်းသားသည် သေနတ်နှစ်လက်ကိုင်၍ ပြန်ထွက်လာပြီး ပစ်ခတ်ခဲ့မှုကြောင့် အသက် ၅၀ အရွယ်ရှိ ဆရာမသေဆုံးခဲ့ပြီး လျှောက်လမ်းတွင်သွားနေသည့် ကာယဆရာတစ်ဦးနှင့် အခြားကျောင်းသား ၅ ဦး ဒဏ်ရာရရှိခဲ့ကြသည်။

ထိုသို့ပစ်ခတ်ပြီးနောက် ကျောင်းသားသည် သူ့ကိုယ်သူ ပစ်ခတ်၍ အဆုံးစီရင်သွားခဲ့ခြင်းဖြစ်သည်။

ဒဏ်ရာရရှိသူများကို ဆေးရုံသို့ပို့ဆောင်ထားပြီး အခြေအနေမစိုးရိမ်ရကြောင်းသိရသည်။

အဆိုပါကျောင်းသားသည် သန့်စင်ခန်းသွားကာ Natural Selection ဗွီဒီယိုဂိမ်းတံဆိပ်ပါတီရှပ်ကို လဲဝတ်ခဲ့ကြောင်း၊ ဂိမ်း၏လွှမ်းမိုးမှုခံနေရပြီး ဂိမ်းထဲကအတိုင်း လက်တွေ့မှာလိုက်လုပ်ခြင်းဖြစ်နိုင်ကြောင်း အုပ်ချုပ်ရေးမှူးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly