အီရန်မှာ ပျက်ကျသည့် လေယာဉ်နှင့် ပတ်သက်သည့် အရေးကြီးသည့် အချက်အလက်ကို အမေရိကန်က ယူကရိန်းထံ ပေးပို့

အီရန်မှာ ပျက်ကျသည့် လေယာဉ်နှင့် ပတ်သက်သည့် အရေးကြီးသည့် အချက်အလက်ကို အမေရိကန်က ယူကရိန်းထံ ပေးပို့
President Volodymyr Zelensky of Ukraine placing flowers at a memorial for the victims of the plane crash at the Boryspil airport on Thursday.Credit. Photo: Ukrainian Presidential Press Service

ဇန်နဝါရီ ၁၀။          ။ အီရန်တွင် ယူကရိန်းလေယာဉ်တစ်စင်း ပျက်ကျပြီးနောက် အမေရိကန်တာဝန်ရှိသူများက အရေးသည့်အချက်အလက်များကို ပေးပို့လာကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဗက်ဒိုင်းပရီစတက်ကိုက ဇန်နဝါရီ ၁၀ ရက်၌ ပြောသည်။

“သမ္မတ ဗိုလိုဒိုင်မိုင်ယားဇီလန်စကီနဲ့ ကျွန်တော်တို့ အမေရိကန်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။”ဟု ပရီစတက်ကိုက တွစ်တာ၌ ရေးသားသည်။“ကျွန်တော်တို့ အရေးကြီးတဲ့ အချက်အလက် သူတို့ထံက ရရှိခဲ့တယ်။ ကျွန်တော်တို့ရဲ့ ပညာရှင်တွေ ဒါကို ဆန်းစစ်သုံးသပ်ကြမှာ ဖြစ်ပါတယ်။”ဟု ၎င်းက ရေးသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်က အီရန်၊ တီဟီရန်မြို့လေဆိပ်မှ ယူကရိန်း၊ ကိဗ်သို့ ဦးတည်သည် ခရီးသည် ၁၇၆ ဦးဖြင့် ပျံတက်ပြီး မိနစ်ပိုင်းအတွင်း ပျက်ကျပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

လေယာဉ်ပေါ်လိုက်ပါသူ အားလုံး သေဆုံးသည့် ယင်းပျက်ကျမှုနှင့် ပတ်သက်ပြီး အနောက်နိုင်ငံခေါင်းဆောင်များက ယင်းလေယာဉ်သည် အီရန်က ပစ်ခတ်သော ဒုံးကျည် မတော်တဆ ထိမှန်၍ ပျက်ကျပေါက်ကွဲခြင်း ဖြစ် သည်ဟု ယုံကြည်ပြောဆိုထားကြသည်။သို့သော်လည်း အီရန်နိုင်ငံဖက်က ယင်းပြောဆိုချက်များကို ငြင်းဆန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly