လောင်စာပြတ်လပ်နေသော နီပေါသို့ တရုတ်က ဓါတ်ဆီလီတာ ၁ ဒသမ ၃ သန်းထောက်ပံ့မည်

လောင်စာပြတ်လပ်နေသော နီပေါသို့ တရုတ်က ဓါတ်ဆီလီတာ ၁ ဒသမ ၃ သန်းထောက်ပံ့မည်

ခတ္တမန္ဒူ၊ အောက်တိုဘာ ၂၆ ။          ။ အိမ်နီးချင်းအိန္ဒိယနိုင်ငံမှ တင်ပို့မှုကန့်သတ်ချက်များကြောင့် လောင်စာဆိုးဆိုး ဝါးဝါးပြတ်လပ်နေသော နီပေါကို အကူအညီပေးရန် တရုတ်က ဓါတ်ဆီလီတာ ၁ ဒသမ ၃ သန်းပေးပို့မည်ဟု နီပေါကပြောသည်။

ဓါတ်ဆီကို တရုတ်-နီပေါ နယ်စပ်အနီးရှိ မြို့တစ်မြို့သို့ ပေးပို့မည်ဖြစ်ကြောင်း Nepal Oil Corp မှ အရာရှိ ဒီးပက်ဘာရာလ်က အောက်တိုဘာ ၂၅တွင် ပြောကြားသည်။ မြို့တော် ခတ္တမန္ဒူသို့ ဓါတ်ဆီပို့ရန် ဆီတင်ကား ၁၀၀ လိုမည်ဖြစ်သည်။ ယခုအကြိမ်မှာ တရုတ်ထံမှ နီပေါက ဆီရရှိသည့် ပထမဆုံးအကြိမ်ဖြစ်သည်။

နှစ်နိုင်ငံ၏ နယ်စပ်တွင် ကမ္ဘာ့အမြင့်ဆုံးတောင်များရှိနေသည်။ သို့သော်လည်း နယ်စပ်ဖြတ်ကျော်လမ်းများမှာ ဧပြီလက လှုပ်ခဲ့သည့် ငလျင်ကြောင့် ပျက်စီးခဲ့သည်။ လမ်းတစ်ခုကို ယခုလအစောပိုင်းက ဖွင့်လှစ်ခဲ့သည်။

အိန္ဒိယထံမှ တင်သွင်းမှုများကို ပိတ်ဆို့စေခဲ့သော နိုင်ငံ၏ အခြေခံဥပဒေသစ်ကို နီပေါတောင်ပိုင်းရှိ မက်ဒေဆီလူမျိုးစုများက ဆန္ဒပြနေသည်မှာ သီတင်းပတ်အတန်ကြာနေပြီဖြစ်သည်။

လောင်စာဆီသို့မဟုတ် သဘာဝဓါတ်ငွေ့ကုန်သွယ်မှုကို တရုတ်နှင့် နီပေါကြားပြုလုပ်ခဲ့ခြင်း မရှိခဲ့ဘူးဟု နီပေါအရာရှိများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly