စစ်ကိုင်းတိုင်းတွင် လူသုံးကုန်နှင့် စက်မှုလျှပ်စစ် ထုတ်ကုန်များ ထုတ်လုပ်ရန် ဖိတ်ခေါ်

စစ်ကိုင်းတိုင်းတွင် လူသုံးကုန်နှင့် စက်မှုလျှပ်စစ် ထုတ်ကုန်များ ထုတ်လုပ်ရန် ဖိတ်ခေါ်

စစ်ကိုင်း၊ ဇန်နဝါရီ ၁၀၊ ၂၀၂၀။            ။ စစ်ကိုင်းတိုင်းဒေသကြီးတွင် လာရောက်ရင်းနှီးသူများအနေဖြင့် လူသုံးကုန်ပစ္စည်း အပါအဝင် စိုက်ပျိုးရေးစက်ကရိယာ လျှပ်စစ်ပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်းများမှာပါဝင်မှု အချိုး စားနည်းနေသေးကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကပြောသည်။

စစ်ကိုင်းမြို့တော်ခန်းမတွင် ဇန်နဝါရီ ၁၀ ရက်နေ့က ပြုလုပ်သည့် စစ်ကိုင်း နိုင်ငံတကာ ကုန်စည်ပြပွဲ ၂၀၂၀ တွင် ပြောကြားခြင်းဖြစ်သည်။

ထိုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လာရောက်ရင်းနှီးမြုပ်နှံမည့်သူများအနေဖြင့် အချိုးစားနည်းနေသည့် လူသုံးကုန်ပစ္စည်း အိမ်သုံးကုန်ပစ္စည်း စိုက်ပျိုးရေးစက်ကရိယာ လျှပ်စစ်ပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်းများ တွင် ရင်းနှီးမြုပ်နှံခြင်းဖြင့် စျေးကွက် အနေအထားအရ အကျိုးအမြတ်များ ပိုမိုရရှိလာမည်ဟု ဒေါက်တာမြင့်နိုင်က တက်ရောက်လာသည့် လုပ်ငန်းရှင်များကို တိုက်တွန်းပြောကြားခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး၌ ၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာနှစ်တွင် လာရောက်ရင်းနှင်းမြုပ်နှံမှု လုပ်ငန်း ၄၅ခုရှိပြီး ရင်းနှီးမြုပ်နှံမှု ပမာဏ ကျပ်သန်းပေါင်း တစ်သိန်း ခုနှစ်သောင်း ကျော်ရှိခဲ့ပြီး နိုင်ငံခြားရင်းနှီး မြုပ်နှံမှု ဥပဒေအရ ဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်း ၁၆ခု စက်မှု ကြီးကြပ်ရေးနှင့်စစ်ဆေးရေး ဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ပုဂ္ဂလိက စက်မှုလုပ်ငန်းများအနေဖြင့် အကြီးစား ၃၈၃ ခု အလတ်စား ၁၁၅၂ ခု အငယ်စား ၃၃၁၉ခုရှိကြောင်း ဒေါက်တာမြင့်နိုင်ကဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် စက်မှုဇုန် ၄ဇုန်ရှိပြီး လုပ်ငန်းအကွက်ပေါင်း ၁၃၈၈ ကွက် ဖော်ဆောင်ထားရာ ၎င်းအထဲမှ မလုပ်ကိုင်ရသေးသည့် အကွက်ပေါင်း ၁၇၀၊ စစ်ကိုင်းစက်မှုဇုန်တွင်လုပ်ငန်းအကွက် ၂၁၅ ကွက် ဖော် ဆောင်ထားရာ လုပ်ငန်းမလုပ်ဘဲ ကျန်ရှိနေသည့် အကွက်ပေါင်း ၇၂ ကွက်၊ ရွှေဘို စက်မှုဇုန်တွင် လုပ်ငန်းအကွက်ပေါင်း ၃၅၀ ကွက် ဖော်ဆောင်ထားရာ လုပ်ငန်းမလုပ်ရသေးသည့် အကွက်ပေါင်း ၅၁ ကွက်နှင့်ကလေး စက်မှု ဇုန်တွင် လုပ်ငန်းအကွက်ပေါင်း ၇၁၉ ကွက် ဖော်ဆောင်ထားရာ လုပ်ငန်းမလုပ်သေးသည့် အကွက် ၂၇၀ ကျန်ရှိနေသေးကြောင်း သိရသည်။

"အဲဒီလုပ်ငန်းမလုပ်သေးတဲ့ အကွက်တွေမှာ တိုင်းရင်းသား လုပ်ငန်းရှင်များနဲ့ အကျိုးတူ ရင်းနှီးမြုပ်နှံခြင်းဖြင့်လည်းကောင်း ပြည်ပရင်းနှီးမြုပ်နှံမှု ဆောင်ရွက်ခြင်းဖြင့် အကျိုးအမြတ်များများစွာ ရရှိနိုင်ပါတယ်"ဟု ဒေါက် တာမြင့်နိုင်ကပြောသည်။

ထို့အပြင် လာရောက်ရင်းနှီးမြုပ်နှံကြသူများအနေဖြင့် စက်မှုလုပ်ငန်းတိုးချဲ့ခြင်းအခြေခံအဆောက်အဦးများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများတွင်လည်း ရင်းနှီးမြုပ် နှံခြင်းဖြင့်အကျိုးအမြတ်များ ရရှိနိုင်ကြောင်း ဒေါက်တာ မြင့်နိုင်ကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required