ယူကရိန်းလေယာဉ် ဒုံးကျည်ဖြင့် ပစ်ချခံရသည်ဆိုသော ပြောဆိုချက်များ မှန်ကန်ခြင်းမရှိဟု အီရန် ငြင်းဆို

ယူကရိန်းလေယာဉ် ဒုံးကျည်ဖြင့် ပစ်ချခံရသည်ဆိုသော ပြောဆိုချက်များ မှန်ကန်ခြင်းမရှိဟု အီရန် ငြင်းဆို

ဇန်နဝါရီ ၁၀ ။                    ။ လူ ၁၇၆ ဦး ပါရှိသည့် ယူကရိန်းလေယာဉ်တစ်စင်း ဒုံးကျည်ဖြင့် ပစ်ချခံလိုက်ရသည် ဆိုသော ယူဆပြောဆိုနေမှုများသည် မှန်ကန်ခြင်း မရှိကြောင်း အီရန်ဘက်က ဇန်နဝါရီ ၁၀ ရက်တွင် ပြောဆိုလိုက်သည်။

လေယာဉ်ပေါ်ပါသူ ၁၇၆ ဦးစလုံး သေဆုံးခဲ့ရသည့် ယူကရိန်းလေယာဉ် ပျက်ကျမှုဖြစ်စဉ်သည် ဒုံးကျည် ထိမှန်၍ မဟုတ်ကြောင်း အီရန် အရပ်ဘက် လေကြောင်းလုပ်ငန်းအဖွဲ့ အကြီးအကဲက ပြောသည်။

အစောပိုင်းက ယင်းလေယာဉ်သည် ဒုံးကျည်ဖြင့် မတော်တဆ ပစ်ချခံလိုက်ရသည့် အထောက်အထားများ တွေ့ရှိရသည်ဆိုပြီး ကနေဒါနှင့် ဗြိတိန်တို့ဘက်က ပြောဆိုချက်များ ထွက်ပေါ်လာခဲ့ပြီး များမကြာမီ အီရန် မြို့တော်တွင် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ပြီး အီရန်ဘက်က အထက်ပါအတိုင်းငြင်းချက်ထုတ်လိုက်ခြင်း ဖြစ်သည်။

“ သေချာတာ တစ်ခုက ဒီလေယာဉ်ဟာ ဒုံးကျည် ထိမှန်ခဲ့ခြင်း မရှိပါဘူး” ဟု အီရန် အရပ်ဘက် လေကြောင်းလုပ်ငန်းအဖွဲ့ အကြီးအကဲ အလီ အဘက်ဇာဒက်က ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်က အီရတ်ရှိ အမေရိကန်စစ်စခန်းများကို အီရန်က ဒုံးကျည်များဖြင့် ပစ်လွှတ်တိုက်ခိုက်ခဲ့ပြီးနောက် များမကြာမီ အဆိုပါ Boeing 737 လေယာဉ် ပျက်ကျမှု ဖြစ်ပွားသွားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly