ထိုင်းတွင် လက်ဝတ်ရတနာဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ကလေးငယ် ၁ ဦးအပါအဝင် ၃ ဦး သေဆုံး

ထိုင်းတွင် လက်ဝတ်ရတနာဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ကလေးငယ် ၁ ဦးအပါအဝင် ၃ ဦး သေဆုံး

ဇန်နဝါရီ ၁၀      ။                   ။ထိုင်းနိုင်ငံတွင် လက်ဝတ်ရတနာ အရောင်းဆိုင်တစ်ဆိုင်ကို မျက်နှာဖုံးစွပ် သေနတ်သမားတစ်ဦးက ဝင်ရောက်လုယက်ဓားပြတိုက်သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွား၍ အသက် နှစ်နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် လူသုံးဦး သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က ဇန်နဝါရီ ၁၀ ရက်တွင် ပြောသည်။

အဆိုပါ လုယက်ဓားပြတိုက်မှုကြောင့် ကလေးငယ် တစ်ဦးအပြင် လုံခြုံရေးဝန်ထမ်းနှင့် အရောင်းဝန်ထမ်း တို့ သေဆုံးသွားခြင်း ဖြစ်သည်။

အလားတူ ကျူးလွန်သူသည် သေနတ်ဖြင့် လက်လွတ်စပယ် ပစ်ခတ်ခဲ့၍ အခြား လူလေးဦးလည်း အပြင်းအထန် ထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့သည်ဟု ဆိုသည်။

ယင်း ဖြစ်စဉ်သည် ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက် ညပိုင်းက လော့ဘူရီ ပြည်နယ်အလယ်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယင်း လုယက်ဓားပြတိုက်မှုတွင် ကျူးလွန်သူသည် ကန်ဒေါ်လာ ၁၆,၅၀၀ ( ထိုင်းဘတ် ငါးသိန်း) တန်ဖိုးရှိ ရတနာပစ္စည်းများကို ယူဆောင်ထွက်ပြေးသွားကြောင်း သိရသည်။

ယခုအခါ ရဲတပ်ဖွဲ့က အဆိုပါ ကျူးလွန်သူကို ဖမ်းမိရန် လိုက်လံစုံစမ်းလျက် ရှိပြီး ၎င်းနှင့်ပတ်သက်၍ သတင်းပေးနိုင်သူကို ဘတ်တစ်သိန်း ပေးမည်ဟု ဆုငွေထုတ်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly