မြန်မာအလုပ်သမားများနှင့် အငြင်းပွားမှုရှိသော ကြက်မွေးမြူရေးခြံအကြောင်း တွစ်တာတွင် ရေးသားသည့် ထိုင်းဂျာနယ်လစ် ထောင်နှစ်နှစ် ချခံရ

မြန်မာအလုပ်သမားများနှင့် အငြင်းပွားမှုရှိသော ကြက်မွေးမြူရေးခြံအကြောင်း တွစ်တာတွင် ရေးသားသည့် ထိုင်းဂျာနယ်လစ် ထောင်နှစ်နှစ် ချခံရ

ဇန်နဝါရီ ၉။              ။ ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများနှင့် အငြင်းပွားမှု ရှိနေသော ကြက်မွေးမြူရေးခြံပိုင်ရှင်အား တွစ်တာတွင် အသေရေဖျက် ရေးသားမှုဖြင့် ထောင်ဒဏ်နှစ်နှစ် ချမှတ်လိုက်ခံရသည့် ဂျာနယ်လစ် တစ်ဦးက နိုင်ငံ၏ မီဒီယာလွတ်လပ်ခွင့်ကို ဘုရင့်နိုင်ငံ၏ ရာဇဝတ်မှုဥပဒေက သင်းကွပ်နေပြီဟု ဇန်နဝါရီ ၉ ရက်တွင် ပြောသည်။

သမ်မာကာဆက်ကုမ္ပဏီပိုင် ကြက်မွေးမြူရေးခြံမှ အလုပ်အကိုင်အခြေများနှင့် ပတ်သက်သည့် အငြင်းပွားမှုများကို ရည်ရွယ်ပြီး တွစ်တာတွင် ရေးသားမှုဖြင့် အမျိုးသမီး သတင်းထောက်တစ်ဦးဖြစ်သူ ဆူချန်နီးကို ထိုင်း တရားရုံးတစ်ရုံးက ဒီဇင်ဘာလအတွင်း ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကုမ္ပဏီသည် မြန်မာအလုပ်သမားများ အပြစ်ရထိုက်သော အလုပ်ချိန်နှင့် အလုပ်အကိုင်အခင်းအကျင်းများဖြင့် ထားရှိခိုင်းစေနေခြင်းကြောင့် အငြင်းပွားမှုများ ရှိနေခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ထိုင်းတရားရုံးသည် အဆိုပါ ကြက်ခြံပိုင်ရှင် ချန်ချိုင်းပန်ဖွန်အား အလုပ်သမားများ လျော်ကြေးနစ်နာကြေးပေးရန်လည်း အမိန့်ချမှတ်ခဲ့သည်။

ချန်ချိုင်းပန်ဖွန်သည် ဂျာနယ်လစ်များ၊ အလုပ်သမားများနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများကို အသေရေဖျက်မှုများစွာဖြင့် တရားစွဲဆိုထားသူဖြစ်သည်။

ပြင်သစ်နိုင်ငံသားတစ်ဦး၏ ဇနီးဖြစ်ပြီး ကိုးလသားအရွယ် သားယောက်ကျားလေး မိခင်ဖြစ်သူ သတင်းထောက် ဆူနီချန်းအနေဖြင့် လက်ရှိ၌ အာမခံဖြင့် နေနေရခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly