မင်းသား ဟယ်ရီနှင့် ဇနီးသည် မီဂန်တို့ ဗြိတိန်တော်ဝင်မိသားစု အဆင့်မြင့်အဖွဲ့ဝင်များအဖြစ်ကနေ နောက်ဆုတ်ထွက်ခွာ

မင်းသား ဟယ်ရီနှင့် ဇနီးသည် မီဂန်တို့ ဗြိတိန်တော်ဝင်မိသားစု အဆင့်မြင့်အဖွဲ့ဝင်များအဖြစ်ကနေ နောက်ဆုတ်ထွက်ခွာ

ဇန်နဝါရီ ၉  ။                ။ ဗြိတိန် တော်ဝင်မိသားစု၏ အရေးပါဆုံး အဆင့်မြင့် အဖွဲ့ဝင်များအဖြစ် ရှင်နေတော့မည်မဟုတ်ဘဲ နောက်ဆုတ်လိုက်ပြီဖြစ်ကြောင်း မင်းသား ဟယ်ရီနှင့် ဇနီးသည် မီဂန် တို့ ဇန်နဝါရီ ၈ ရက်တွင် ဆိုင်းမဆင့် ဘုံမဆင့် ထုတ်ပြန်ကြေညာလိုက်သည်။

တော်ဝင် မိသားစု၏ ရှေ့တန်းနေရာတွင် ရှိနေရမည့် အဖွဲ့ဝင်များအဖြစ် ဆက်ရှိနေတော့မည်မဟုတ် ဆိုသည့် မင်းသား ဟယ်ရီ တို့ ဇနီးမောင်နှံ၏ ကြေညာချက်က ဗြိတိန် တော်ဝင်မိသားစုတစ်ခုလုံးကို အံ့အားသင့်စေခဲ့သည်။

၎င်းတို့ အနေဖြင့် ယူကေနှင့် မြောက်အမေရိက တို့တွင် တလှည့်စီ နေထိုင်ရန် ရှိနေကြောင်း ထုတ်ပြန်ကြေညာသွားခဲ့သည်။

သတင်းမီဒီယာ ဖော်ပြချက်များအရ ဆပ်ဆက်စ် မြို့စားနှင့် မြို့စားကတော်တို့သည် ယခု ကြေညာချက်ကို မထုတ်ခင် ဗြိတိန်ဘုရင်မကြီး အဲလိဇဘတ် နှင့် မင်းသားကြီးချားလ်တို့ပင် ကြိုတင်တိုင်ပင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

ယင်းကဲ့သို့ ဟယ်ရီ မောင်နှံ၏ ဆိုင်းမဆင့်ဘုံမဆင့် ကြေညာချက်ကြောင့် ဘက်ကင်ဟမ် နန်းတော်တွင်လည်း စိတ်ပျက်ဝမ်းနည်းမှုများ ရှိနေကြောင်း သိရသည်။

မင်းသား ဟယ်ရီ နှင့် ဇနီး မီဂန် တို့သည် မီဒီယာ၏ မျက်စိဒေါက်ထောက် ကြည့်ခံရမှုကြောင့် ရုန်းကန်နေခဲ့ရကြောင်း ယမန်နှစ် အောက်တိုဘာလကတည်းက လူသိရှင်ကြားထုတ်ဖော်ထားခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly