အမေရိကန်ကို ရင်ဆိုင်ရာမှာ နောက်မဆုတ်ဘူးဟု အီရန်သမ္မတ ပြော

အမေရိကန်ကို ရင်ဆိုင်ရာမှာ နောက်မဆုတ်ဘူးဟု အီရန်သမ္မတ ပြော

ဇန်နဝါရီ ၉။        ။ အီရန်ဗိုလ်ချုပ်ကြီးတစ်ဦး ကျဆုံးရသည့် အမေရိကန်၏ တိုက်ခိုက်မှုကို တုံ့ပြန်လိုက်ခြင်းသည် အီရန်နိုင်ငံအနေဖြင့် အမေရိကန်ကို ရင်ဆိုင်ရမှာ နောက်မဆုတ်ဘူးဆိုသည်ကို ပြသလိုက်ခြင်း ဖြစ်ကြောင်း အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီက ပြောသည်။

“အမေရိကန်အနေနဲ့ ရာဇဝတ်မှု ကျူးလွန်လာရင် သိထားသင့်တာက ပြတ်သားတဲ့ တုံ့ပြန်မှုကို ရင်ဆိုင်ရမယ်ဆိုတာပဲ။”ဟု ရုပ်မြင်သံကြားမိန့်ခွန်းမှနေ၍ ရိုဟာနီက ပြောဆိုသည်။

“သူတို့ဟာ အသိတရားရှိတယ်ဆိုရင် ဒီအဆင့်မှာ နောက်ထပ် အရေးယူလှုပ်ရှားမှုတွေ လုပ်လာလိမ့်မှာ မဟုတ်ဘူး။”ဟု အမေရိကန်ကို ရည်ညွန်းပြီး ၎င်းက ဆိုသည်။

အမေရိကန်၏ လေကြောင်းထိုးစစ်အတွင်း အီရန်ဗိုလ်ချုပ်ကြီး ကာဆမ် ကျဆုံးခဲ့ခြင်းကို လက်တုံ့ပြန်ပြီး အီရတ်ရှိ အမေရိကန်စစ်စခန်းကို အီရန်က ဒုံးကျည်တွဲများ ပစ်ခတ်ခဲ့ပြီး နာရီပိုင်းအတွင်း ရိုဟာနီက ပြောဆိုလာခြင်း ဖြစ်သည်။

သို့သော် အမေရိကန်ဖက်က အခြား အရေးယူလှုပ်ရှားမှုများအတွက် အီရန်လက်နက်ကိုင်တပ်များ ပြန်လည်တိုက်ခိုက်ရမည်ဆိုလျှင် ယခုအဆင့်ဖြင့် လုံလောက်မှု ရှိမည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်အမြင်တော့ အမေရိကန်ဟာ ဒေသတွင်းနိုင်ငံတွေက တုံ့ပြန်မှုကြီးတွေနဲ့ ရင်ဆိုင်ရလိမ့်တော့မှာ ဖြစ်တယ်။”ဟု ရိုဟာနီက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly