အီရန်အပေါ် ထပ်တိုးအပြစ်ပေးဒဏ်ခတ်ပိတ်ဆို့မှုများ ချက်ချင်းချမှတ်မည်ဟု ထရမ့် ကြေညာ

အီရန်အပေါ် ထပ်တိုးအပြစ်ပေးဒဏ်ခတ်ပိတ်ဆို့မှုများ ချက်ချင်းချမှတ်မည်ဟု ထရမ့် ကြေညာ

ဇန်နဝါရီ ၉။          ။ အီရန်အပေါ် ထပ်တိုး အပြစ်ပေး စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများ ချက်ချင်းချမှတ်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၈ ရက်တွင် ကြေညာသည်။

အီရတ်ရှိ အမေရိကန်တပ်ဖွဲ့ဝင်များအပေါ် အီရန်က ဒုံးကျည်ပစ်ခတ်တိုက်ခတ်မှုများ ဆင်နွှဲပြီးနောက် ယင်းသို့ သမ္မတ ထရမ့်က ကြေညာလာခြင်းပဲ ဖြစ်သည်။

ထိုသို့ တိုက်ခိုက်ခံရသော်လည်း အမေရိကန် သို့မဟုတ် အီရတ် တပ်ဖွဲ့ဝင် သေဆုံးမှု မရှိကြောင်း သိရသည်။

ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်၏ ဒရုန်းတိုက်ခိုက်မှုအတွင်း အီရန်ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦး ကျဆုံးခဲ့သည်။

ယင်းအတွက် အီရန်က လက်တုံ့ပြန်ပြီး အီရတ်ရှိ အမေရိကန်စစ်တပ်ကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ရာ တင်းမာမှုများ မြင့်တက်နေသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly