တတိယကမ္ဘာ့စစ်ဖြစ်လာပြီး ပရီမီးယားလိဂ်ချန်ပီယံဆု မဆွတ်ခူးမှာကို စိုးရိမ်ပူပန်နေတဲ့ လီဗာပူးလ်ပရိသတ်တွေက ဒေါ်နယ်ထရမ့်အပေါ် ဒေါ်သထွက်နေ

တတိယကမ္ဘာ့စစ်ဖြစ်လာပြီး ပရီမီးယားလိဂ်ချန်ပီယံဆု မဆွတ်ခူးမှာကို စိုးရိမ်ပူပန်နေတဲ့ လီဗာပူးလ်ပရိသတ်တွေက ဒေါ်နယ်ထရမ့်အပေါ် ဒေါ်သထွက်နေ

လီဗာပူးလ်ပရိသတ်တွေက သူတို့အနေနဲ့ ရာသီကုန်မှာ ပရီးမီးယားလိဂ်ဖလား မကိုင်မြောက်နိုင်မှာကို အထူးစိုးရိမ်ပူပန်နေပါတယ်။

မကြာသေးခင်က အီရတ်မှာ အမေရိကန်တို့ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်ထိပ်တန်းတပ်မှူး ကာဆမ် ဆိုလေမာနီ သေဆုံးခဲ့ပြီးနောက် လီဗာပူးလ်ပရိသတ်တွေဟာ ဒေါ်နယ်ထရမ့်ကို အလွန်ဒေါသထွက်နေတယ်လို့ Daily Express က သတင်းစာက ရေးသားခဲ့ပါတယ်။

ဇန်နဝါရီ ၂ ရက်၊ ကြာသပတေးနေ့က အမေရိကန်တို့ဟာ ဆိုလေမာနီကို ဘဂ္ဂဒက်မြို့ နိုင်ငံတကာလေဆိပ်မှာ ဒရုန်းနဲ့ ပစ်ခတ်သုတ်သင်ခဲ့တာပါ။

ထရမ့်ရဲ့ ညွှန်ကြားချက်နဲ့ သုတ်သင်ခံခဲ့ရတဲ့ ဆိုလေမာနီဟာ အီရတ်နဲ့ ဒေသတစ်ဝန်းမှာ အမေရိကန်တပ်သားတွေနဲ့ နိုင်ငံသားတွေကို တိုက်ခိုက်မယ့် အစီအစဉ်တွေကို တက်တက်ကြွကြွ လုပ်ဆောင်နေခဲ့သူဖြတယ်လို့ အမေရိကန်အစိုးရက အခိုင်အမာဆိုထားပါတယ်။

ဇန်နဝါရီ ၃ ရက်က အီရတ်နိုင်ငံ၊ ဘဂ္ဂဒက် လေဆိပ်အနီးမှာ မီးလောင်ကျွမ်းနေတဲ့ ယာဉ်တစ်စီး။ ဓာတ်ပုံ - အီးပီအေ

အီရန်ထိပ်တန်းခေါင်းဆောင် အလီခါမန်နီရဲ့ ညာလက်ရုံးဖြစ်တဲ့ ဆိုလေမာနီအတွက် အီရန်နဲ့ အချုပ်အချယ်ကင်းတဲ့ နိုင်ငံတွေကနေ လက်စားချေတုံ့ပြန်သွားမယ်လို့ အီရန်အစိုးရက ကတိပေးခဲ့ပြီးနောက် ဇန်နဝါရီ ၈ ရက်မနက်အစောပိုင်းက အီရတ်နိုင်ငံ Irbil နဲ့ Al Asad ရှိ အမေရိကန်စစ်အခြေစိုက်စခန်း နှစ်ခုကို ဒုံးလက်နက် ဒါဇင်ကျော်နဲ့ ပစ်ခတ်ခဲ့ပါတယ်။

ဒီလက်စားချေမှုက အရှေ့အလယ်ပိုင်းမှာ ထပ်မံ မတည်မငြိမ်ဖြစ်မှုတွေနဲ့ တတိယကမ္ဘာစစ်ပင်ဖြစ်လာမှာကို စိုးရိမ်မှုတွေဖြစ်စေခဲ့ပါတယ်။

လီဗာပူးလ်ပရိသတ်တစ်ယောက်က "ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲပြီးတဲ့အထိ ကျနော်တို့ တတိယကမ္ဘာစစ်ကို ရှောင်လွှဲနိုင်မလား"ဆိုပြီးတော့ တွစ်တာ ရေးတင်ခဲ့ပါတယ်။

အီရတ်ရှိ အမေရိကစစ်စခန်းတွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တဲ့ အီရန်။ ဓာတ်ပုံ - အီးပီအေ

နောက်တစ်ယောက်ကတော့ "လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ဖလားရဖို့ ခင်ဗျာ နှစ်ပေါင်း ၃၀ စောင့်ဆိုင်းနေခဲ့ပေမယ့် တတိယကမ္ဘာစစ်က အတော်အတန် စတင်နေပါပြီ။"

ဒေါသထွက်နေတဲ့ နောက်တစ်ယောက်ကလည်း "တကယ်တော့ f**k off ပါကွာ။ ထရမ့်တစ်ယောက် တတိယကမ္ဘာစစ်ကို စတင်မီးမွှေးနေပါပြီ။ ဒါကြောင့် လီဗာပူးလ်အသင်းအနေနဲ့ ဖလားဆွတ်ခူးဖို့ ဘယ်တော့ မဖြစ်နိုင်ပါဘူး။"

ကြိုးကြာနီပရိသတ်တစ်ယောက်က "တကယ်လို့ ထရမ့်က တတိယကမ္ဘာစစ်ကို ဧပြီလကုန်အထိ ရွှေ့ထားနိုင်ရင် လီဗာပူးလ်အသင်းဟာ ကမ္ဘာ့ချန်ပီယံ၊ ဥရောချန်ပီယံနဲ့ ပရီးမီးယားလိဂ်ချန်ပီယံ အားလုံးဖြစ်နိုင်ပါတယ်။"လို့ ရာသီကုန်အထိ အီရန်နဲ့ တင်းမာမှုတွေ စောင့်ဆိုင်းနေပေးဖို့ တောင်းဆိုခဲ့ပါတယ်။

နောက်တစ်ယောက်တော့ ပရီးမီးယားလိဂ်ဇယားထိပ်မှာ ၁၃ မှတ်အသာနဲ ဦးဆောင်နေတဲ့ လီဗာပူးလ်ကို ဖလား ပေးအပ်ဖို့အထိတောင်းဆိုခဲ့တယ်လို့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly