အင်ဒိုနီးရှားတွင် ကာရာအိုကေဘား တစ်ခုမီးလောင် လူ ၁၇ ဦးသေဆုံး ရ၀ ကျော်ဆေးရုံတင်ရ

အင်ဒိုနီးရှားတွင် ကာရာအိုကေဘား တစ်ခုမီးလောင် လူ ၁၇ ဦးသေဆုံး ရ၀ ကျော်ဆေးရုံတင်ရ

မာနာဒို၊ အောက်တိုဘာ ၂၆ ။       ။ အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝေဆီကျွန်းပေါ်တွင် အောက်တိုဘာ ၂၅ ရက်နေ့ အစောပိုင်းက စည်ကားသော ကာရာအိုကေဘားတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၁၇ ဦးသေဆုံးခဲ့ပြီး ၇၁ဦးမှာ မီးခိုးမွန်းသဖြင့် ဆေးရုံသို့တင်ခဲ့ရသည်။

မြောက်ဆူလာဝေဆီပြည်နယ်၏ မြို့တော် မာနာဒိုမြို့လယ်ရှိ အိနူးလ်ဗစ်ဇ်တာကာရာအိုကေကလပ်တွင် လူရာပေါင်းများစွာက သီးသန့်ခန်းများတွင် သီချင်းများသီဆိုနေစဉ် သုံးလွှာရှိအဆောက်အအုံတွင် ဒုတိယအလွှာတွင် နံနက် ၁ နာရီဝန်းကျင်က မီးစတင်လောင်ခဲ့သည်ဟု မျက်မြင်သက်သေများက အာဏာပိုင်များကို ပြောကြားခဲ့သည်ဟု မြို့၏ ရဲတပ်ဖွဲ့အကြီးအကဲ ဗိုလ်မှူးကြီး ရီယိုပါမာနာက ဆိုသည်။

အလုပ်သမားများလည်း မီးသတ်ဘူးများဖြင့် မီးကိုမငြိမ်းသတ်နိုင်ခဲပေ။ မီးလောင်မှုကို ထိန်းချုပ်ရန် မီးသတ်သမားများက နာရီများစွာအချိန်ယူခဲ့ရသည်။" မီးလောင်ရတဲ့ အကြောင်းရင်းကို ကျွန်တော်တို့ စုံစမ်းစစ်ဆေးနေဆဲပါ "ဟု ပါမာနာက ပြောသည်။ ကနဦးစုံစမ်းစစ်ဆေးမှုအရ လျပ်စစ်ဝါယာရှော့ (short circuit) ကစ၍ မီးလောင်သည်ဟု ၎င်းကထပ်မံပြောကြားခဲ့သည်။

ထူထပ်မည်းနက်သော မီးခိုးလုံးကြီးများ ဒုတိယထပ်မှ ထွက်ပေါ်ခဲ့ပြီး လူအချို့မှာ ကြောက်လန့်တကြားဖြစ်ကာ လမ်းပေါ်သို့ခုန်ချခဲ့သည်ဟု ပါမာနာကဆိုသည်။ ထွက်ပေါက်မှာ တစ်ခုသာရှိ၍ လူအများမှာ အတွင်းတွင် ပိတ်မိနေခဲ့သည်ဟု ၎င်းကပြောသည်။ သေဆုံးသူအားလုံးမှာ အင်ဒိုနီးရှားလူမျိုးများသာဖြစ်သည်။ သေဆုံးသူအများစုမှာ မီးလောင်ခြင်းထက် မီးခိုးမွန်း၍ သေဆုံး ရခြင်းဖြစ်သည်ဟု ပါမာနာကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly