မန္တလေးလေဆိပ်တွင် တုတ်ကွေးဆန်သည့် ရောဂါဖြစ်ပွားသူများကို စစ်ဆေးမည်

မန္တလေးလေဆိပ်တွင် တုတ်ကွေးဆန်သည့် ရောဂါဖြစ်ပွားသူများကို စစ်ဆေးမည်
ဓာတ်ပုံ - ထက်မြတ်

မန္တလေး ၊ ဇန်နဝါရီ ၈။          ။ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ တရုတ်နိုင်ငံ လေကြောင်းလိုင်းမှ တိုက်ရိုက် ဆင်းသက်နေခြင်းကြောင့် တုတ်ကွေးဆန်သည့် ရောဂါ ဖြစ်ပွားသူများ ဝင် ရောက်လာမှုမရှိစေရန် ပိုမိုကြပ်မတ် စစ်ဆေးသွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနကသိရသည်။

“ တရုတ်နိုင်ငံ ဝူဟန်မြို့ လေကြောင်းလိုင်းကနေ တစ်ပတ်ကို တနင်္လာနဲ့ သောကြာနှစ်ရက် တိုက်ရိုက်ဆင်းသက်တဲ့ အတွက် အဲဒီရက်တွေကို သတိထားရပါမယ်၊ မန္တလေးတိုင်းအတွင်းမှာတော့ သံသလူနာတွေ့ရှိရခြင်းမရှိ သေး ပါဘူး၊ တွေ့ရှိခဲ့ရင် အမြန်သတင်းပို့နိုင်ဖို့ Hotline ဖုန်းတခုကို သီးသန့် တပ်ဆင်ထားသလို၊ အဖျား ၃၈ ဒီဂရီ ထက်ပိုတဲ့လူနာတွေကို တွေ့တာနဲ့ အသိပေးတဲ့ သာမိုစကရင်နှစ်လုံးကိုလည်း တပ်ဆင်ပြီး စောင့်ကြည့်စစ် ဆေး နေပါတယ်” ဟု ဦး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်က ပြောသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့တွင်ဖြစ်ပွားနေသည့် အဆိုပါရောဂါပက်သက်၍ မြန်မာနိုင်ငံ အတွင်းရှိ တိုင်းဒေသကြီး၊ ပြည် နယ် အသီးသီးမှ သက်ဆိုင်ရာဆေးရုံများရှိ ကျန်းမာရေး ဝန်ထမ်းများ သိ ရှိနိုင်စေရန် ဇန်နဝါရီ ၅ရက်နေ့ အ ကြောင်းကြားစာများ ပေးပို့ထားကြောင်းသိရသည်။

သံသယလူနာတွေ့ရှိပါက အရေးပေါ်လူနာတင်ယာဉ်အပြင် ယခုဖြစ်ပွားနေသည့် ရောဂါအတွက် သင်တန်း ပေးထားသည့် ကျန်းမာရေးဝန်ထမ်းများ၊ သယ်ယူရမည့်လမ်ကြောင်း၊ လူနာကုသဆောင်တို့ကို သီး သန့်စီစဉ်ပေး ထားပြီး ကုသရမည့် လူနာများအတွက် ဆေးဝါးအသုံးအဆောင်ပစ္စည်းများကိုလည်း ကြိုတင် ပြင်ဆင်ထားပြီးဖြစ်ကြောင်းသိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများမှ ဆေးရုံအုပ်ကြီးများ၊ ကျန်းမာရေး ဝန်ထမ်းများ နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ တွေ့ဆုံကာ တရုတ်နိုင်ငံ ဝူဟန်တွင် ဖြစ်ပွားနေသည့် ရောဂါနှင့်ပက်သက်၍ ဆေးရုံအသီးသီးတွင် ကြိုတင်ပြင်ဆင်ခြင်းနှင့် ကုသခြင်းလုပ်ငန်းများအတွက် ဆွေးနွေးမှုများပြုလုပ်ကာ ရောဂါ အခြေအနေနှင့်ပက်သက်သည့် သတင်းအချက်အလက်များကို အများပြည်သူ ပိုမိုသိရှိစေရန်အတွက် လက် ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးသွားမည်ဖြစ် ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly