ဒုံးကျည်တိုက်ခိုက်မှုကြောင့် အမေရိကန် ၈၀ ဦး သေဆုံးသွားခဲ့ဟု အီရန် နိုင်ငံပိုင်မီဒီယာ ထုတ်ပြန်

ဒုံးကျည်တိုက်ခိုက်မှုကြောင့် အမေရိကန် ၈၀ ဦး သေဆုံးသွားခဲ့ဟု အီရန် နိုင်ငံပိုင်မီဒီယာ ထုတ်ပြန်

ဇန်နဝါရီ ၈  ။                       ။အီရတ်ရှိ အမေရိကန်စစ်စခန်းများကို ဇန်နဝါရီ ၈ ရက်တွင် အီရန်က ဒုံးကျည်များဖြင့် ပစ်လွှတ်တိုက်ခိုက်ခဲ့ရာ အမေရိကန်တပ်ဖွဲ့ဝင်အယောက် ၈၀ သေဆုံးသွားခဲ့ကြောင်း အီရန် နိုင်ငံပိုင် ရုပ်သံက ထုတ်ပြန်ပြောဆိုသည်။

အီရတ်ရှိ အမေရိကန်နှင့် အမေရိကန်ဦးဆောင်သော အခြားညွန့်ပေါင်းတပ်ဖွဲ့များ အသုံးပြုသော စစ်စခန်းများကို အီရန်တို့ဘက်က ဒုံးကျည် ၂၂ စင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း အီရတ်စစ်တပ်က ပြောသည်။

“ ဒီ တိုက်ခိုက်မှုမှာ အနည်းဆုံး အမေရိကန်စစ်သည် ၈၀ သေဆုံးသွားခဲ့ပါတယ်” ဟု အီရန်နိုင်ငံပိုင် ရုပ်သံဝက်ဆိုဒ်တွင် ဖော်ပြသည်။

ယင်းအပြင် အဆိုပါ တိုက်ခိုက်မှုကြောင့် မောင်းသူမဲ့ လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ အခြား စစ်ဘက်သုံးပစ္စည်းများလည်း ကြီးကြီးမားမား ပျက်စီးသွားခဲ့သည်ဟု အီရန် နိုင်ငံပိုင် ရုပ်သံ မီဒီယာက ဖော်ပြသည်။

ဒေသတွင်းရှိ အမေရိကန်နှင့် ယင်း၏ မဟာမိတ် ပစ်မှတ် ၁၄၀ ထက်မနည်းကို အီရန်တို့ဘက်က ခွဲထုတ်ရွေးချယ်ထားပြီးဖြစ်ကြောင်း၊ အကယ်၍ အမေရိကန်ဘက်က နောက်တစ်ကြိမ် အမှား ကျူးလွန်လာခဲ့မည် ဆိုပါက ယင်း ရွေးချယ်ထားသော ပစ်မှတ် ၁၄၀ ကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အီရန် တော်လှန်ရေးအစောင့်တပ် သတင်းရင်းမြစ်တစ်ဦးက ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags