ယူကရိန်းလေယာဉ်ပျက်ကျ၍ သေဆုံးသူများထဲတွင် အီရန်နှင့် ကနေဒါနိုင်ငံသား အများစုပါဝင်

ယူကရိန်းလေယာဉ်ပျက်ကျ၍ သေဆုံးသူများထဲတွင် အီရန်နှင့် ကနေဒါနိုင်ငံသား အများစုပါဝင်

ကိယက်ဗ်၊ ဇန်နဝါရီ ၈  ။            ။ဒီကနေ့ (ဇန်နဝါရီ ၈) တွင် အီရန်နိုင်ငံ တီဟီရန်မြို့အနီးတွင်ပျက်ကျခဲ့သည့် ယူကရိန်း ခရီးသည်တင်လေယာဉ်တွင် အီရန်နိုင်ငံသား ၈၂ ဦးနှင့် ကနေဒါနိုင်ငံသား ၆၃ ဦးအပါအဝင် ယူကရိန်း၊ ဆွီဒင်၊ အာဖဂန်၊ ဂျာမနီနှင့် ဗြိတိန်နိုင်ငံသားများ ပါသွားကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Vadym Prystaiko က ပြောသည်။

ဘိုးရင်း ၇၃၇ ပျက်ကျ၍ သေဆုံးသူများထဲတွင် အခြားနိုင်ငံသားများဖြစ်သည့် လေယာဉ်အမှုထမ်းများအပါအဝင် ယူကရိန်းနိုင်ငံသား ၁၁ ဦး၊ ဆွီဒင်နိုင်ငံသား ၁၀ ဦး၊ အာဖဂန် ၄ ဦး၊ ဂျာမနီ ၃  ဦးနှင့် ဗြိတိန်နိုင်ငံသား ၃ ဦးလည်းပါဝင်ကြောင်း Vadym Prystaiko က ၎င်း၏တွစ်တာတွင် ရေးသားထားသည်။

လူ ၁၇၀ ကျော် သယ်ဆောင်လာသည့် အဆိုပါ ဘိုးရင်း ၇၃၇ သည် ၂၀၁၆ ခုနှစ်က ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ပျက်မကျမီ နှစ်ရက်အလိုကပင် စစ်ဆေးခဲ့သေးသည်ဟု ဆိုသည်။

နည်းပညာစစ်ဆေးမှုများကို ဇန်နဝါရီ ၆ ရက်က နောက်ဆုံးလုပ်ခဲ့ကြောင်း ယူကရိန်းအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းက ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags