အီရတ်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းများတွင် ဒုံးကျည် ၂၂ စင်း ကျရောက်ခဲ့ဟု ဆို

အီရတ်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းများတွင် ဒုံးကျည် ၂၂ စင်း ကျရောက်ခဲ့ဟု ဆို

ဇန်နဝါရီ ၈။           ။ အီရတ်ရှိ အမေရိကန်တပ်ဖွဲ့ဝင်များရှိရာ စစ်အခြေစိုက်စခန်းနှစ်ခုကို ပစ်မှတ်ထားပြီး အီရန်ဘက်က ဒုံးလက်နက်များဖြင့် တိုက်ခိုက်ခဲ့ရာ စုစုပေါင်း ဒုံးကျည် ၂၂ စင်းအထိ ကျရောက်ခဲ့ကြောင်း အီရတ်စစ်  တပ်က ဇန်နဝါရီ ၈ ရက်တွင် ထုတ်ပြန်လိုက်သည်။

အမေရိကန်စစ်စခန်းများကို အီရန်တို့ဘက်က ဒုံးကျည် ၂၂ စင်းအထိ ပစ်ခတ်ခဲ့ကြောင်း၊ Anbar ပြည်နယ်ရှိ Al-Asad စခန်းကို ဒုံးကျည် ၁၇ စင်း ကျရောက်ခဲ့ပြီး ယင်းတို့အနက် နှစ်စင်းမှာ ပေါက်ကွဲခဲ့ခြင်းမရှိကြောင်း အီရတ်စစ်တပ်က ထုတ်ပြန်သည်။

အလားတူ အီရတ်မြောက်ပိုင်း Erbil ပြည်နယ်ရှိ စစ်အခြေစိုက်စခန်းတစ်ခုလည်း ဒုံးကျည် ငါးစင်း ထိမှန်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၈ ရက်က ဖြစ်ပွားခဲ့သော အဆိုပါ ဒုံးကျည်တိုက်ခိုက်မှုကြောင့် မိမိတို့အီရတ်တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မှ ထိခိုက်သေဆုံးခြင်း မရှိဟု အီရတ်စစ်တပ်က ထုတ်ပြန်သွားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly