နည်းပြ တင်ရှားဝုဒ်ကို ဗီလာအသင်း ရာထူးမှထုတ်ပယ်

နည်းပြ တင်ရှားဝုဒ်ကို ဗီလာအသင်း ရာထူးမှထုတ်ပယ်

အောက်တိုဘာ ၂၆၊ အင်္ဂလန် ။                ။ ဆွမ်ဆီးအသင်းကို အိမ်ကွင်းဗီလာပါ့ခ်တွင် ၁-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြတင်ရှားဝုဒ်ကို အက်စတွန်ဗီလာအသင်းက ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။

တင်ရှားဝုဒ်သည် ပရီးမီးယားလိဂ်ပွဲစဉ်အဖွင့်ပွဲ ၁၀ ပွဲတွင် နိုင်ပွဲတစ်ပွဲသာ ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့သည့်အတွက် ရာထူးမှ ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။ ဗီလာအသင်းသည် လက်ရှိအချိန်တွင် ရမှတ်လေးမှတ်သာ ရရှိထားပြီး အမှတ်ပေးဇယားအောက်ဆုံးတွင် ရပ်တည်လျက်ရှိသည်။

တင်ရှားဝုဒ်သည် ဗီလာအသင်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီလက စတင်တာဝန်ယူခဲ့ပြီး ယမန်နှစ်က တန်းဆင်းဇုန်မှလွတ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ သို့သော် ယခုနှစ်တွင် ဆိုးရွားသည့် ရလဒ်များကြောင့် တာဝန်ယူပြီး ကိုးလအကြာတွင် ထုတ်ပယ်ခံခဲ့ရသည်။

ဗီလာအသင်း၏ ထုတ်ပြန်ကြေညာချက်တွင် ရှားဝုဒ်၏ အသင်းအတွက် စွမ်းဆောင်ရည်များကို အသိအမှတ်ပြုသော်လည်း ရလဒ်များက အပြောင်းအလဲပြုလုပ်ရန် လိုအပ်နေပြီဟု ဖော်ပြနေသည့်အတွက် ရာထူးမှထုတ်ပယ်ခဲ့ရခြင်းဖြစ်ကြောင်းနှင့် ရှားဝုဒ်အနေဖြင့် အနာဂတ်တွင် အောင်မြင်ပါစေဟု ဆန္ဒပြုကြောင်း ပါရှိသည်။

တင်ရှားဝုဒ်နှင့်အတူ လက်ထောက်နည်းပြ ရေးဝီလ်ကင်နှင့် ပထမအသင်းနည်းပြမက်ရော့ဆန်တို့ကိုလည်း ရာထူးမှ ထုတ်ပယ်ခဲ့သည်။

တင်ရှားဝုဒ်၏နေရာတွင် အစားထိုးရန်အတွက် အဲဗာတန်နှင့် မန်ယူနည်းပြဟောင်း လက်ရှိဆိုစီဒက်အသင်းနည်းပြ ဒေးဗစ်မိုယက်စ်မှာ ရေပန်းအစားဆုံးဖြစ်လျက်ရှိသည်။

Ref ;  ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly