ယူကရိန်းလေယာဉ်ပျက်ကျမှု လိုက်ပါသွားသူအားလုံး သေဆုံးသွားပြီဟု အီရန်ထုတ်ပြန်

ယူကရိန်းလေယာဉ်ပျက်ကျမှု လိုက်ပါသွားသူအားလုံး သေဆုံးသွားပြီဟု အီရန်ထုတ်ပြန်

ဇန်နဝါရီ ၈။            ။ ယူကရိန်း ခရီးသည်တင် လေယာဉ်တစ်စင်း ဇန်နဝါရီ ၈ ရက်က အီရန်နိုင်ငံအတွင်းမှာ ပျက်ကျမှု ဖြစ်ပွားခဲ့ပြီး နောက် လေယာဉ်ပေါ်တွင် လိုက်ပါသွားသူအားလုံး သေဆုံးသွားပြီဟု အီရန် ကြက်ခြေနီ တပ်ဖွဲ့က ထုတ်ပြန် သည်။

ထိုလေယာဉ်ပေါ်တွင် မူလက လူပေါင်း ၁၈၀ ဦး ပါရှိသွားသည်ဟု သတင်းများ ထွက်ပေါ်နေခဲ့ သော်လည်း နောက်ပိုင်း၌ ထိုလေယာဉ်ပေါ်တွင် လူ ၁၇၀ ဦး လိုက်ပါသွားသည်ဟု အီရန်၏ ISNA သတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။

ယခုအခါ အဆိုပါ လေယာဉ်ပေါ်ပါ လိုက်ပါသွားသည့် လေယာဉ် အမှုထမ်းနှင့် ခရီးသည် ၁၇၀ ဦးစလုံး သေဆုံး သွားပြီဟု အီရန်ကြက်ခြေနီအဖွဲ့ဖြစ်သော လခြမ်းနီအဖွဲ့က ပြောသည်။

ယူကရိန်း ခရီးသည်တင် လေယာဉ်သည် တီဟီရန်မှ ပျံတက်ပြီး မကြာမီ ပျက်ကျသွားခဲ့ခြင်း ဖြစ်သည်။

“ ခုချိန်မှာတော့ PS-752 လေယာဉ်ပေါ် လိုက်ပါသွားတဲ့ ခရီးသည်တွေ အသက်ရှင်ဖို့ ဆိုတာက မဖြစ်နိုင်တော့ ပါဘူး” ဟု လခြမ်းနီအဖွဲ့၏ အကြီးအကဲက ပြောသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly