လူ ၁၈၀ ဦး ပါရှိသည့် ယူကရိန်း ခရီးသည်တင်လေယာဉ် အီရန်တွင် ပျက်ကျ

လူ ၁၈၀ ဦး ပါရှိသည့် ယူကရိန်း ခရီးသည်တင်လေယာဉ် အီရန်တွင် ပျက်ကျ

ဇန်နဝါရီ ၈။           ။ ယူကရိန်း ခရီးသည်တင် လေယာဉ်တစ်စင်း အီရန်နိုင်ငံ မြို့တော် တီဟီရန်အနီး ပျက်ကျသွားခဲ့သည်ဟု အီရန်ပြည်တွင်း သတင်းမီဒီယာများက ဖော်ပြသည်။

အဆိုပါ လေယာဉ်ပေါ်တွင် လူပေါင်း ၁၈၀ ဦး လိုက်ပါသွားကြောင်း သိရသည်။

ယူကရိန်း နိုင်ငံတကာ လေကြောင်းလိုင်းပိုင် Boeing 737 လေယာဉ်သည် ဇန်နဝါရီ ၈ ရက် အစောပိုင်းက တီဟီရန်မြို့ အိုင်မမ်ခိုမေနီ လေဆိပ်ကနေ ပျံတက်သွားပြီးနောက် မကြာခင်မှာဘဲ ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း ISNA သတင်းအေဂျင်စီက ဖော်ပြသည်။

စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ယူကရိန်းလေကြောင်းလိုင်းပိုင် လေယာဉ် ပျက်ကျခြင်းဖြစ်သည်ဟု ISNA  သတင်းအေဂျင်စီက ထုတ်ပြန်သည်။

အဆိုပါ လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်ပေါ် ပါရှိသူများ၏ အသက်အန္တရာယ် မည်သို့ ရှိမည်ကို လက်တလော မသိရသေးပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly