ရေအလွန်အကျွံသောက်သည့်အတွက် ကုလားအုတ် ၁၀၀၀၀ ကျော်အား ပစ်သတ်ရန်စီစဉ်

ရေအလွန်အကျွံသောက်သည့်အတွက် ကုလားအုတ် ၁၀၀၀၀ ကျော်အား ပစ်သတ်ရန်စီစဉ်

ဇန်နဝါရီ ၈။              ။ ပူပြင်းခြောက်သွေ့ဒဏ်ခံစားနေရသည့် တောင်ဩစတြေးလျတွင် ကုလားအုတ်များ ရေအလွန်အကျွံသောက်ခြင်းကို တားဆီးနိုင်ရန်အတွက် အကောင်ရေ ၁၀၀၀၀ ကျော်အား ကျွမ်းကျင်သေနတ်သမား များက ရဟတ်ယာဉ်ပေါ်မှ ပစ်သတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ရွေးချယ်သုတ်သင်မှုကိုဒီကနေ့ (ဇန်နဝါရီ ၈ ) တွင်လုပ်ဆောင်ရန်  ဩစတြေးလျ ရှေးလူမျိုးများနေထိုင်သည့် APY (Anangu Pitjantjatjara Yankunytjatjara) ဒေသမှ အာဏာပိုင်များက ညွှန်ကြားခဲ့ခြင်း ဖြစ် သည်။

တိရစ္ဆာန်များသည် သောက်ရေရှာရန်အတွက် လူနေရပ်ကွက်များသို့ ဝင်ရောက်ခြင်း၊ ခြံစည်းရိုးများဖျက်ခြင်းနှင့် လူနေအိမ်များအနီး သွားလာနေသောကြောင့် ပျက်စီးမှုများစွာ ဖြစ်ပေါ်ကြောင်း ဒေသခံများက စောဒက တက်နေကြသည်။

 အဆိုပါကုလားအုတ်များသည် စားမြုံ့ပြန်ခြင်းကြောင့် တစ်နှစ်လျှင် ကာဗွန်ဒိုင်အောက်ဆိုဒ် တစ်တန်နှင့်ညီမျှသော မီသိန်းဓာတ်ငွေ့များကို ထုတ်နိုင်ပြီး ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုအပေါ် စိုးရိမ်သည့်အတွက်လည်း သုတ်သင်ရခြင်းဖြစ်သည်ဟု The Australian စာစောင်တွင် ရေးသားထားသည်။

ကုလားအုတ်များကြောင့် အခြေခံအဆောက်အအုံများပျက်စီးကြောင်း၊ မိသားစုနှင့် ရပ်ကွက်များအတွက်လည်း အန္တရာယ်ရှိကြောင်း၊ စားကျက်မြေများလည်း ပေါများလာကြောင်း၊ တိရစ္ဆာန်များမှာလည်း ရေငတ်သေခြင်းနှင့် ရေလုသောက်ရာမှ အချင်းချင်းတက်နင်းမိကာ သေဆုံးမှုများလည်းရှိကြောင်း၊ တိရစ္ဆာန်အသေကောင်များသည် ရေအရင်းအမြစ်နှင့် ယဉ်ကျေးမှုနယ်မြေများကိုလည်း ထိခိုက်ကြောင်း  APY ဒေသမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆိုသည်။

နိုင်ငံတစ်ဝှမ်း ကုလားအုတ်အကောင်ရေ ၁ ဒသမ ၂ သန်းအထိ သုတ်သင်သွားမည်ဖြစ်ပြီး ၅ ရက်ခန့် အချိန်ယူရမည်ဟု ခန့်မှန်းထားကြသည်။ ထိုသို့မသုတ်သင်ပါက ၈ နှစ်မှ ၁၀ နှစ်အတွင်း ကုလားအုတ်အကောင်ရေ နှစ်ဆအထိ မြင့်တက်လာမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly