အီရတ်ရှိ အမေရိကန်စစ်စခန်းများ တိုက်ခိုက်ခံရသော်လည်း အခြေအနေကောင်းဟု ဒေါ်နယ်ထရမ့်ပြော

အီရတ်ရှိ အမေရိကန်စစ်စခန်းများ တိုက်ခိုက်ခံရသော်လည်း အခြေအနေကောင်းဟု ဒေါ်နယ်ထရမ့်ပြော

ဇန်နဝါရီ ၈။            ။အီရတ်နိုင်ငံရှိ အမေရိကန် တပ်ဖွဲ့ဝင်များရှိရာ စစ်အခြေစိုက် စခန်းနှစ်ခုကို အီရန်က ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် ထိခိုက်သေဆုံးမှု အခြေအနေနှင့်ပတ်သက်၍ ကနဦး အကဲဖြတ် စစ်ဆေးခဲ့ရာတွင် အားလုံး အခြေအနေ ကောင်းမွန်လျက် ရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောသည်။

သမ္မတ ဒေါ်နယ်ထရမ့်က “ သေဆုံး ထိခိုက် ဒဏ်ရာရမှု၊ ပျက်စီးဆုံးရှုံးမှု နဲ့ပတ်သက်လို့ အကဲဖြတ် စစ်ဆေးမှုတွေ ခုလုပ်နေပါပြီ၊ ခုချိန်အထိတော့ အတော်လေး ကောင်းပါတယ်” ဟု သူ၏ တွစ်တာကနေတဆင့် ပြောသွားသည်။

သို့သော် ဇန်နဝါရီ ၈ ရက် မနက်အစောပိုင်းမှာ ဝါရှင်တန်မှ ကြေညာချက်တစ်ရပ် ထုတ်ပြန်သွားမည်ဟု ထရမ့်က ပြောသည်။

“ ကျွန်တော် ၈ ရက်နေ့ မနက် ကြေညာချက်တစ်ခု ထုတ်ပါမယ်” ဟု ထရမ့်က ပြောသည်။

အီရတ်နိုင်ငံရှိ အမေရိကန် စစ်အခြေစိုက် စခန်းနှစ်ခုကို ဇန်နဝါရီ ၈ ရက် အစောပိုင်းတွင် အီရန်က ဒုံးလက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် အပတ်က အီရန်စစ်တပ် ထိပ်တန်းတပ်မှူး ဗိုလ်ချုပ်ကြီး ဆိုလေမာနီ အမေရိကန် လက်ချက်ဖြင့် သေဆုံးမှု အတွက် လက်စားချေသည့်အနေဖြင့် ယခုတိုက်ခိုက်မှုကို အီရန်တို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly