လီဗာပူးလ်ကစားသမားများ ဖိအားဝင်နေဟု ဂျာဂင်ကလော့ပ်ဝန်ခံ

လီဗာပူးလ်ကစားသမားများ ဖိအားဝင်နေဟု ဂျာဂင်ကလော့ပ်ဝန်ခံ

အောက်တိုဘာ ၂၆၊ လီဗာပူးလ် ။               ။ လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ်က ၎င်း၏အသင်းသည်အိမ်ကွင်းတွင် ဖိအားဝင်နေပြီဖြစ်ကြောင်းဝန်ခံပြောဆိုလိုက်ပြီး ဘာကြောင့်ယင်းသို့   ဖြစ်နေကြောင်းကိုနားမလည်နိုင်ဟု အန်ဖီးလ်တွင် ဆောက်သမ်တန်ကို တစ်ဂိုးစီသရေကျပြီးနောက် ပြောသည်။

အိမ်ရှင်လီဗာပူးလ်အသင်းအတွက် ဘန်တီကီက ၎င်း၏လက်ရှိရာသီတတိယမြောက်ဂိုးကို ပွဲချိန် ၇၇ မိနစ်တွင်သွင်းယူပြီး ဦးဆောင်ခဲ့သော် လည်း ဆာဒီယိုမန်နီက ထပ်ဆောင်းအချိန်ပို တွင် နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံရခြင်းမတိုင်မီ ပွဲချိန် ၈၆ မိနစ်တွင် ချေပဂိုးပြန်သွင်းခဲ့သည်။

"သူတို့သိပ်ကြိုးစားပြီး အာရုံစူးစိုက်မှုအပြည့်လည်းရှိတယ်။ အဲဒီမှာအရာရာဖန်တီးလို့ရပေမယ့် ဂိုးတစ်ဂိုးပေးလိုက်ရတာကို ကမ္ဘာပျက်သွား သလိုပဲ။ ကမ္ဘာမပျက်သေးပါဘူး။ အမြဲပြန်လာနိုင်သေးပါတယ်။

ဘာလို့ဖိအားဝင်နေလဲဆိုတာ ကျွန်တော်တကယ်နားမလည်နိုင်ဘူး။ ဒါပေမဲ့ ကစားသမားတွေက ဖိအားဝင်နေတာကို ခင်ဗျားတို့တွေ့ကြမှာပါ။ ကျွန်တော်တို့ရုပ်ပိုင်းဆိုင်ရာမှာ မရှုံးခဲ့ပေမယ့် ပွဲအဖြေကိုပြောင်းအောင် ပိုလုပ်နိုင်တယ်ဆိုတာကို မယုံခဲ့ကြည်ခဲ့ကြဘူး။

အဲဒါက ပြဿနာပဲ။ အဲဒါက စိတ်ဓါတ်အားနည်းတာလို့ ပြောချင်ပါတယ်။ ပထမဆုံးအနေနဲ့ အဲဒါကိုပြောင်းနိုင်ရမယ်။ ဒါက ရောဂါမဟုတ်ဘူး။ ပြောင်းလဲလို့ရပါတယ်"ဟု ဂျာမန်လူမျိုးနည်းပြ ကလော့ပ်က ပြောသည်။

လီဗာပူးလ်အသင်းကိုစကိုင်ကတည်းက နိုင်ပွဲရှာနေသည့် ကလော့ပ်သည် သုံးပွဲဆက်သရေသာရထားသော်လည်း လီဗာပူးလ်တို့တိုးတက်လာ ပြီဟု ယုံကြည်နေသည်။

"ပွဲထဲမှာ အခွင့်ကောင်းတွေအများကြီးရှိခဲ့တယ်။ နောက်တစ်ဆင့်ကို ကျွန်တော်တို့ဘာလို့ဆက်မသွားနိုင်ရမှာလဲ။ ဒါပေမဲ့ အချိန်ယူရမယ်ဆို တာ ကျွန်တော်တို့အားလုံးသိကြပြီး တိုးတက်လာတာကိုလည်း ကျွန်တော်တွေ့နေတယ်"ဟု ကလော့ပ်ကဆိုခဲ့သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly