နောက်ထပ်အပူလှိုင်းမကျရောက်မီ တောမီးများထိန်းချုပ်နိုင်ရန် မီးသတ်သမားများကြိုးပမ်း

နောက်ထပ်အပူလှိုင်းမကျရောက်မီ တောမီးများထိန်းချုပ်နိုင်ရန် မီးသတ်သမားများကြိုးပမ်း

ဆစ်ဒနီ၊ ဇန်နဝါရီ ၇  ။                                ။ ဩစတြေးလျအရှေ့တောင်ပိုင်းတွင် အပူချိန်ကျဆင်းနေမှုကို အခွင့်ကောင်းယူလျက် မီးသတ်သမားများသည် တောမီးများကို အင်တိုက်အားတိုက် ငြှိမ်းသတ်လျက်ရှိပြီး လာမည့်အပတ်အတွင်း နောက်ထပ်အပူလှိုင်းကျရောက်လာနိုင်သည့်အတွက် မိုးရေပိုမိုလိုအပ်လျက်ရှိသည်။

လာမည့်သောကြာနေ့ (ဇန်နဝါရီ ၁၀ ) ရက်တွင် လေပြင်းနှင့်အတူ အပူချိန်ထပ်မံမြင့်တက်လာနိုင်မည်ဟု ခန့်မှန်းထားပြီး စေတနာ့ဝန်ထမ်းမီးသတ်သမားများက မီးတားခြင်း၊ သဘာဝပေါက်ပင်များရှင်းလင်းခြင်းဖြင့် လောင်ကျွမ်းမှုအရှိန်ထိန်းချုပ်နေကြသည်။

ဇန်နဝါရီ ၆ ရက်က မိုးရွာသွန်းခဲ့မှုကြောင့် အတန်အသင့် သက်သာရာရခဲ့သော်လည်း မီးငြိမ်းလောက်သည်အထိ မိုးမများခဲ့ပေ။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလကတည်းက လောင်ကျွမ်းခဲ့သည့်တောမီးကြောင့် ယခုအချိန်ထိ လူ ၂၅ ဦးသေဆုံးခဲ့ပြီး လူနေအိမ် ၁၈၀၀ ခန့်ပျက်စီးကာ မြေဧက ၈ သန်းခန့် မီးလောင်ကျွမ်းခဲ့သည်။

တောမီးလောင်ကျွမ်းရာမှတက်လာသည့် မီးခိုးလုံးများကို ၁၂၀၀၀ ကီလိုမီတာအကွာအဝေးရှိ ချီလီနှင့် အာဂျင်တီးနားနိုင်ငံများမှပင် လှမ်းမြင်ရကြောင်း တောင်အမေရိကရှိ မိုးလေဝသအာဏာပိုင်များက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly