အာဆီယံ ပိုမိုပေါင်းစည်းရေး လမ်းပြမြေပုံချမှတ်

အာဆီယံ ပိုမိုပေါင်းစည်းရေး လမ်းပြမြေပုံချမှတ်

လာမည့်လ ဒေသတွင်းခေါင်းဆောင်များညီလာခံက အတည်ပြုမည့် မူကြမ်းအရ ဒေသတွင်း တည်ဆောက်ပုံကို ပုံဖော်ပြီး လူမှုရေး စီးပွားရေးအရ ပိုမိုဆက်သွယ်လာနိုင်ရန် ရည်ရွယ်ချက်ဖြင့် လာမည့်ဆယ်နှစ်အတွင်း ပိုမိုပေါင်းစည်းရန်အတွက် လမ်းပြမြေပုံကို အရှေ့တောင်အာရှနိုင်ငံများက ရေးဆွဲခဲ့ကြသည်။

၁၀နိုင်ငံ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့၏ ခေါင်းဆောင်များမှာ ယခုနှစ် နိုဝင်ဘာလတွင် ဒုတိယအကြိမ်အဖြစ် ကျင်းပမည့် ကွာလာလမ်ပူညီလာခံသို့ တက်ရောက်လာဖွယ် ရှိသည်။

ယခုနှစ်မှာ နိုင်ငံရေးလုံခြုံမှု၊ စီးပွားရေးနှင့် လူမှုရေးယဉ်ကျေးမှုတည်းဟူသော မဏ္ဍိုင်ကြီးသုံးရပ်ဖြင့် ပိုမိုပေါင်းစည်းသော အာဆီယံအသိုက်အဝန်းကို တရားဝင်ထူထောင်ရန်အတွက် နောက်ဆုံးရက်သို့ ရောက်ရှိလာပြီဖြစ်သောကြောင့် အာဆီယံဖွံ့ဖြိုးမှု၏ လမ်းဆုံလမ်းခွတွင် မလေးရှားက အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းပင် ဖြစ်သည်။

သို့ရာတွင် ဒေသတွင်းခေါင်းဆောင်များက နိုဝင်ဘာလတွင် အာဆီယံအသိုက်အဝန်း ၂၀၁၅ ထူထောင်မှုအတွက် ခွက်မြှောက်ဆုတောင်းကြမည်ဖြစ်သကဲ့သို့ပင် ‘အတူတကွ ပုံဖော်စို့။ အာဆီယံ ၂၀၂၅အပေါ် ကွာလာလမ်ပူ ကြေညာချက်’’ခေါင်းစဉ်တပ်ထားသည့် စာတန်းတွင် ခေါင်းဆောင်များ အတည်ပြုခဲ့ကြသည့် အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂၀၂၅အတွက် မူဘောင်များကိုလည်း ချမှတ်ပြီးဖြစ်သည်။

စကားလုံးကြွယ်ဝစွာ တန်ဆာဆင်ထားသည့် ကြေညာချက်ထဲတွင် ခေါင်းဆောင်များက အာဆီယံ၏ အရေးပါမှုနှင့် အခန်းကဏ္ဍကို ဒေသတွင်းအဆောက်အအုံ ဆင့်ကဲပြောင်းလဲတိုးတက်ရေးအတွက် အဓိကမောင်းနှင်အားတစ်ရပ်အဖြစ် ထိန်းသိမ်းထားနိုင်ရေး အာဆီယံအနေဖြင့် ဖန်တီးဉာဏ်ရှိရှိ တုန့်ပြန်ရမည့် အခွင့်အလမ်းရော၊ စိန်ခေါ်မှုများပါ ရှိနေသည့် အလျင်အမြန်ပြောင်းလဲနေသော ပထဝိမဟာဗျူဟာအခင်းအကျင်းကို သတိပြုမိကြောင်း ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly