ဘဝမှာအောင်မြင်တဲ့သူ တစ်ယောက်အဖြစ် လူတိုင်းရပ်တည်နိုင်ပါတယ်

ဘဝမှာအောင်မြင်တဲ့သူ တစ်ယောက်အဖြစ် လူတိုင်းရပ်တည်နိုင်ပါတယ်

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


လူတစ်ယောက်စီတိုင်းမှာ အားနည်းချက်ရှိသလို အားသာချက်ကိုယ်စီလည်းရှိကြပါတယ်။ အောင်မြင်နေသူတွေက သူတို့ရဲ့ အားသာချက်ကို ပိုပြီးကောင်းသထက်ကောင်းအောင် ကြိုးစားပျိုးထောင်ခဲ့သူတွေပေါ့။ အရည်အသွေးက ဓားသွားလိုပါပဲ။ သွေးလေထက်လေပါ။ ဒါကြောင့် ကြိုးစားမှုနဲ့ ဝီရိယသာပြည့်စုံရင် လူတိုင်းအောင်မြင်နိုင်ပါတယ်။
ခေါင်းဆောင်နိုင်စွမ်းနဲ့ အောင်မြင်အောင်လုပ်ဆောင်နိုင်မှုက မွေးရာပါအရည်အသွေးမဟုတ်ပါ

လူတော်တော်များများပြောလေ့ရှိတဲ့ စကားတစ်ခွန်းရှိတယ်။ ဒါကတော့ သူကအောင်မြင်မှာပေါ့.။ သူကတော်တယ်လေ။ ခေါင်းဆောင်နိုင်စွမ်းလည်းရှိတယ်လေဆိုတဲ့စကားလေ။ ကိုယ်တိုင်ရောပြောမိသေးလား….. ဒါဆိုရင် မေးချင်တာတစ်ခုက ဒီတိုင်းပဲ ထိုင်အားကျနေတော့မလား ကိုယ့်ကိုယ်ကိုယ်ရော မပျိုးထောင်တော့ဘူးလားဆိုတာပါ။ ဒီနေရာမှာပြောချင်တာက ခေါင်းဆောင်နိုင်စွမ်း နဲ့ အောင်မြင်အောင် လုပ်ဆောင်နိုင်စွမ်းတွေက မွေးရာပါအရည်အချင်းဆိုပေမယ့် မွေးမြူပျိုးထောင်ယူလို့ရတယ်ဆိုတာပါ။
အားကျမနေဘဲ ကိုယ်တိုင်ပျိုးထောင်ယူပါ

အောင်မြင်သူတွေက အခြားသူတွေထက် ပိုကြိုးစားတတ်ကြသူတေါဆိုတာကို သတိထားမိလား။ ဘဝမှာအောင်မြင်ခဲ့သူ တော်တော်များများက သူတို့ရဲ့ အချိန်တွေကို အကျိုးရှိရှိအသုံးချရင်းကုန်ဆုံးခဲ့ကြတာပါ။ အချိန်ကို အလဟသဖြုန်းပစ်တတ် သူတွေမဟုတ်ပါဘူး။ အချိန်တိုင်းမှာ အကျိုးရှိအောင် စဉ်ဆက်မပြတ် ကြိုးစားမှုကပဲ အောင်မြင်သူအဖြစ် ရပ်တည်စေဖို့ အကောင်းဆုံးတွန်းပို့ပေးခဲ့တာပါ။

လမ်းပြတဲ့သူရှိရင်တောင်မှာ ကိုယ်တိုင်က လိုက်လျှောက်ဖို့လိုပါမယ်။ ဒီလိုပါပဲ။ အောင်မြင်သူတစ်ယောက်ဖြစ်ချင်ရင် ကိုယ်တိုင်က အောင်မြင်မှုဆီသွားတဲ့ လှေကားထစ်တွေကို တစ်ထစ်ချင်းစီ သေချာလေး မှန်မှန်တက်သွားဖို့လိုပါမယ်။ အောင်မြင်နေချင်ရုံနဲ့ ဖြစ်မလာပါဘူး။ အောင်မြင်စေဖို့က ကံကောင်းလို့ဆိုတာထက် ကြိုးစားမှုကို အရင်းခံပြီးရလာတဲ့ ရလဒ်ပါ။ ဒါကြောင့် အောင်မြင်ချင်ရင် အားကျမနေပါနဲ့ ပျိုးထောင်ယူပါ။
အောင်မြင်ချင်သူတိုင်း မွေးမြူသင့်တဲ့ အလေ့အထလေးအချို့

အောင်မြင်ဖို့ အဆင့်သင့်ဖြစ်ပြီဆိုရင်တော့ ဒီနည်းလေးတွေကို လက်တွေ့အကောင်အထည်ဖော်ပေတော့

• ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်မွေးပါ။
• အပျက်သဘောဆောင်တဲ့ အတွေးတွေကို မောင်းထုတ်ပါ။
• တစ်နေ့တာတိုင်းမှာ အောင်မြင်ရမယ့် အတိုင်းအတာလေးတွေကို ကိုယ်တိုင် သတ်မှတ်ပါ။
• ရောက်နိုင်မယ့် ပန်းတိုင်သေးသေးလေးတွေကို ချမှတ်ပါ။ တစ်ခုချင်းစီကို အောင်မြင်အောင်လုပ်ဖို့လည်း မမေ့ပါနဲ့။
• ရလာမယ့်အောင်မြင်မှုကို စိတ်ကူးပုံဖော်ပါ။
• ဘဝကို လိုသလိုပုံဖော်ဖန်တီးနိုင်တယ်ဆိုတာကို မမေ့ပါနဲ့။
• ကိုယ့်နှလုံးသားရဲ့ အသံကိုနားထောင်ဖို့ မမေ့ပါနဲ့။
• လိုအပ်မယ့် အရည်အသွေးတွေကို ဖြည့်တင်းပါ။
• စိတ်အားထက်သန်မှုရှိနေပါစေ။
• အချိန်ကို အကျိုးရှိရှိ အသုံးချပါ။
• စဉ်ဆက်မပြတ်လေ့လာနေပါ။

ဒါလေးတွေကို ကိုယ်ရဲ့နေ့စဉ်ဘဝအလေ့အကျင့်လေးတွေဖြစ်အောင် မွေးမြူပေးမယ်ဆိုရင် အောင်မြင်မှုက ကိုယ့်ဆီရောက်လာမယ်ဆိုတာ အသေအချာပါပဲ။

 ဒါကြောင့် အောင်မြင်သူတွေမြင်ရင် အားကျမနေပါနဲ့ ကြိုးစားမှုကိုသာ အားတင်လိုက်ပါ။ အောင်မြင်မှုက သင့်ဆီရောက်လာပါလိမ့်မယ်။ အောင်မြင်မှုက သင့်လက်တစ်စုံနဲ့ ကိုယ်တိုင်ဖန်တီးယူနိုင်တဲ့ အခွင့်အရေးဆိုတာ မမေ့ပါနဲ့။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly