တောင်ကိုရီးယားတွင် ဇူလိုင်လနောက်ပိုင်း မားစ်ရောဂါနှင့် ဆက်စပ်သည့် ပထမဆုံးသေဆုံးမှုဖြစ်ပွား

တောင်ကိုရီးယားတွင် ဇူလိုင်လနောက်ပိုင်း မားစ်ရောဂါနှင့် ဆက်စပ်သည့် ပထမဆုံးသေဆုံးမှုဖြစ်ပွား

ဆိုးလ်၊ အောက်တိုဘာ ၂၆ ။          ။ သုံးလကျော်ကာလအတွင်း တောင်ကိုရီးယားတွင် မားစ်ဗိုင်းရပ်နှင့် ဆက်နွယ်သည့် ပထမဆုံးသေဆုံးမှုအဖြစ် အောက်တိုဘာ ၂၅က တောင်ကိုရီးယား အမျိုးသား တစ်ဦးသည် မားစ်ရောဂါမှ နောက်တိုးဝေဒနာများဖြင့် ကွယ်လွန်ခဲ့သည်။

အသက် ၆၆နှစ်အရွယ်ရှိ အဆိုပါအမျိုးသားမှာ ဆိုးလ်ရှိ ဆမ်ဆောင်းဆေးရုံမှ ဗိုင်းရပ်ကူးစက်ခံခဲ့ရပြီးနောက် ဇွန်လက ရောဂါတွေ့ရှိခဲ့သည်ဟု ဆိုးလ်၏ ကျန်းမာရေးရေးဝန်ကြီးဋ္ဌာနက ပြောကြားခဲ့သည်။

ဆမ်ဆောင်းဆေးရုံမှာ မေလနှင့် ဇူလိုင်အတွင်းက နိုင်ငံတစ်ဝန်းရောဂါကူးစက်စေခဲ့သော ဋ္ဌာနကြီးတစ်ခုဖြစ်ခဲ့သည်။ ၎င်းအမျိုးသားကို ရောဂါကုသပေးခဲ့သော်လည်း ဗိုင်းရပ်ကြောင့် ထပ်တိုးရောဂါ အဖြစ်ပြင်းထန်သည့် အဆုပ်ရောဂါခံစားခဲ့ရသည်ဟု သိရသည်။

ဇူလိုင်လကုန်က မားစ်မရှိတော့ဟု ဆိုးလ်က ကြေညာခဲ့သော်လည်း ယခုလအစောပိုင်းက အသက် ၃၅ နှစ်အရွယ်အမျိုးသားတစ်ဦးမှာ ဗိုင်းရပ်ပြန်လည်တွေ့ရှိခဲ့သဖြင့် ကုသမှုခံယူခဲ့ရသည်။

ယင်းသို့ရောဂါပြန်လည်တွေ့ရှိမှုက တောင်ကိုရီးယားအတွက် ထိုးနှက်ချက်တစ်ခုဖြစ်သည်။ မေလက ရောဂါဖြစ်ပွားခဲ့ပြီးနောက် ၁၈၆ဦးကူးစက်ခံရကာ ၃၆ဦးသေဆုံးခဲ့သည်။

၎င်းလူနာသည် လောလောဆယ် ဗိုင်းရပ်ကြောင့် တရားဝင်ကုသမှုခံခဲ့ရသော အခြားသူ လေးဦးနှင့်အတူ ကုသမှုခံနေသည်။ သို့သော်လည်း ရောဂါကြောင့် ထပ်တိုးဝေဒနာများခံစားနေရသည်။

မားစ်ဗိုင်းရပ်သည် ၂၀၀၃ခုနှစ်က လူရာပေါင်းများစွာ သေဆုံးစေခဲ့သော ဆားစ်ရောဂါ၏ ဗိုင်းရပ်မျိုးကွဲတစ်ခုဖြစ်သည်။ မားစ်ရောဂါဖြစ်ပွားမှုကြောင့် အာရှ၏ စတုတ္ထမြောက်အကြီးဆုံး စီးပွားရေး တောင်ကိုရီးယားတွင် စားသုံးသူသုံးစွဲမှုနှင့် ခရီးသွားလုပ်ငန်းများထိခိုက်ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly