အမည်မသိ ခြိမ်းခြောက်မှုကြောင့် အင်တာနက်လုံခြံုရေးကို တင်းကျပ်ရန် ထိုင်းဝန်ကြီးချုပ် ညွှန်ကြား

အမည်မသိ ခြိမ်းခြောက်မှုကြောင့် အင်တာနက်လုံခြံုရေးကို တင်းကျပ်ရန် ထိုင်းဝန်ကြီးချုပ် ညွှန်ကြား

နိုင်ငံတကာကွန်ပျူတာထွင်းဝိဇ္ဇာ (ဟက်ကာ)အုပ်စုတစ်စုက အောက်တိုဘာ ၂၂ရက်နေ့က ခြိမ်းခြောက်မှုတစ်ရပ် ထုတ်ပြန်ခဲ့ပြီးနောက်တွင် အစိုးရကွန်ပျူတာစနစ်နှင့် ဝဘ်ဆိုက်များတွင် လုံခြုံရေးကို တင်းကျပ်ရန် ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်းအိုချာက သက်ဆိုင်ရာ အစိုးရဌာနများကို ညွှန်ကြားခဲ့သည်ဟု သတင်းနှင့် ဆက်သွယ်ရေးဝန်ကြီး ဥတ္တမ ဆာဗာနာယာနာက ပြောကြားခဲ့သည်။

ဥတ္တမ၏ တွစ်တာတွင် ပြောကြားချက်အရ အစိုးရ၏ သတင်းနှင့် ဝန်ဆောင်မှုကဏ္ဍများကို ဟက်ကာများ၏ရန်မှ ကာကွယ်ရေး ၎င်းနှင့် ၎င်း၏ဝန်ကြီးဌာနလက်အောက်မှ အခြားဌာနများကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ရန် ပရာယွတ်က ပြောကြားခဲ့သည်ဟု ဆိုသည်။

‘ကျနော်က ဖောက်ထွင်းရေးလှုပ်ရှားမှုတွေအကြောင်း ဝန်ကြီးချုပ်ကို အသိပေးလိုက်တော့ သူက မသမာတဲ့ရည်ရွယ်ချက်ရှိသူတွေကို အနီးကပ်စောင့်ကြည့်ဖို့ ဝန်ကြီးချုပ်က ကျနော့ကို ပြောခဲ့တယ်’’ဟု ဝန်ကြီး ဥတ္တမက ပြောသည်။  

ဆက်လက်ပြီး ဥတ္တမက ပြည်သူလူထုများနှင့် စီးပွားရေးလုပ်ငန်းများကိုလည်း ၎င်းတို့၏ အချက်အလက်များကို လုံခြုံရေးလုပ်ဆောင်ထားရန်နှင့် ပုံမှန်အပိုဆောင်းထားရန် တိုက်တွန်းခဲ့သည်။

ခြိမ်းခြောက်မှုမှာ စစ်တပ်က ထူထောင်ထားသည့် ဆိုက်ဘာစစ်တပ်ယူနစ်နှင့် လုံးဝသက်ဆိုင်မှုမရှိကြောင်းလည်း ငြင်းဆိုခဲ့သည်။ စစ်တပ်က လွန်ခဲ့သည့် ရက်သတ္တပတ်က လုံခြုံရေးရည်ရွယ်ချက် များအတွက် ဆိုက်ဘာ စစ်တပ်ယူနစ်ကို ထူထောင်ထားကြောင်း ကြေညာခဲ့သည်။

တစ်ချိန်တည်းမှာပင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝစ် ဝမ်ဆူဝန်က သောကြာနေ့က ပြောကြားရာတွင် သတင်းနှင့် ဆက်သွယ်ရေးနည်းပညာ ဝန်ကြီးဌာနက   ဖောက်ထွင်းမှုခြိမ်းခြောက်ချက်ကို စုံစမ်းစစ်ဆေးနေပြီး စစ်တပ်ကလည်း ပြဿနာကို ဖြေရှင်းရန် သူ့အပိုင်းသူ လုပ်ဆောင်လျှက်ရှိကြောင်း ပြောကြားခဲ့သော်လည်း အသေးစိတ်ကိုမူ ဖွင့်ဟခြင်းမရှိပေ။

ကြာသပတေးနေ့က အင်တာနက်လွတ်လပ်ခွင့်ကို မြှင့်တင်နေသည့် နိုင်ငံတကာ တက်ကြွလှုပ်ရှားသူများနှင့် ဟက်ကာများ၏ အမည်မသိ အုပ်စုတစ်စုက လမ်းကြောင်းတစ်ခုတည်း စစ်ဆင်ရေး ဟုခေါ်သည့် လှုပ်ရှားမှုအတွင်း ထိုင်းအစိုးရကို ပစ်မှတ်ထားနေကြောင်း ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly