ဟောင်ကောင်တွင် အမြန်ကူးတို့သင်္ဘော တိုက်မှုဖြစ်၍ လူပေါင်း ၁၂၀ ကျော် ထိခိုက်ဒဏ်ရာရ

ဟောင်ကောင်တွင် အမြန်ကူးတို့သင်္ဘော တိုက်မှုဖြစ်၍ လူပေါင်း ၁၂၀ ကျော် ထိခိုက်ဒဏ်ရာရ

မကာအိုမှ ဟောင်ကောင်သို့ ခုတ်မောင်းလာသည့် အမြန်ကူးတို့ရေယာဉ်တစ်စင်း ရေထဲရှိ အရာဝတ္ထုတစ်ခုနှင့် တိုက်မိကာ လူပေါင်း ၁၂၄ ဦးထိခိုက်ဒဏ်ရာများ ရရှိကြောင်း တာဝန်ရှိသူများကပြောသည်။

ခရီးသည် ၁၇၄ ဦးလိုက်ပါလာသည့် ကူးတို့သင်္ဘောက လန်တောင်ကျွန်းအနီးတွင် ထိန်းချုပ်မှုမဲ့သွားရပြီး ရေဝင်နစ်မြုပ်လာခြင်းဖြစ်သည်။

ရေကြောင်းရဲ မော်တော်ဘုတ်များက သင်္ဘောနစ်ရာသို့ ကယ်ဆယ်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ ဒဏ်ရာရသူအများစုမှာ ခြေလက်အစိတ်အပိုင်းနှင့် မျက်နှာတို့တွင် ဒဏ်ရာရရှိမှု များကြောင့် ဒေသတွင်း သတင်းတွင် ဖော်ပြသည်။

ကူးတို့သင်္ဘောပေါ်တွင် ကယ်ဆယ်ရေးများ လာရောက် ကယ်ထုတ်ရန်အတွက် ခရီးသည်များက နာရီအတန်ကြာ စောင့်ဆိုင်းခဲ့ရသည်။

ဒဏ်ရာရသူများတွင် ငါးဦး၏ အခြေအနေမှာ အောက်တိုဘာ ၂၆ နံနက်အထိ စိုးရိမ်ရဆဲရှိနေသည်။

ဟောင်ကောင်သည် ကမ္ဘာတွင် အကြီးဆုံးရေလမ်းအသုံးပြုသည့် ဒေသများအနက် တစ်ခုဖြစ်ပြီး သွားလာမှုအများဆုံးမှာ မကာအိုသို့ ခရီးစဉ်ဖြစ်သည်။

လုံခြုံဘေးကင်းရေးအဆင့်မှာ ကောင်းမွန်သော်လည်း ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း ပြင်းထန်သည့် မတော်တဆမှုများ ဖြစ်ပွားလာသည်။

၂၀၂၃ နိုဝင်ဘာအတွင်းကလည်း ယခုကဲ့သို့ပင် ရေထဲမှ အရာဝတ္ထုတစ်ခုနှင့် သင်္ဘောတစ်စင်း တိုက်မိ၍ ဒါဇင်များစွာ ဒဏ်ရာရခဲ့သည်။

၂၀၁၂ အောက်တိုဘာတွင် ခရီးသည်တင်ကူးတို့ရေယာဉ်နှင့် မော်တော်ဘုတ်တို့ တိုက်မိခဲ့ရမှာ လူပေါင်း ၃၉ ဦး သေဆုံးခဲ့ပြီး ယင်းဖြစ်ရပ်အတွက် ကူးတို့ရေယာဉ်မောင်း ရေယာဉ်မှူးကို လူသေစေမှုဖြင့် အရေးယူအပြစ်ပေးခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly