“သရေရလဒ်ဟာ မျှတတဲ့ ရလဒ်တစ်ခုလို့ ထင်ပါတယ်။” - ပြိုင်ပွဲကနေ ထွက်ရတာထက်စာရင် ပြန်ကန်ရမှာ ပိုနှစ်သက်မိတဲ့ ဆိုးလ်ရှား

“သရေရလဒ်ဟာ မျှတတဲ့ ရလဒ်တစ်ခုလို့ ထင်ပါတယ်။” - ပြိုင်ပွဲကနေ ထွက်ရတာထက်စာရင် ပြန်ကန်ရမှာ ပိုနှစ်သက်မိတဲ့ ဆိုးလ်ရှား
Photos: EPA

ဆိုးလ်ရှားက မန်ချက်စတာယူနိုက်တက်က ဝုဗ်စ်အသင်းကို (၀-၀)ဂိုးနဲ့ သရေကျတဲ့ စနေနေ့ည အက်ဖ်အေပွဲစဉ်ဟာ မျှတတဲ့ ရလဒ်တစ်ခုဖြစ်တယ်လို့ သူ့အနေနဲ့ ယုံကြည်တယ်လို့ ဝန်ခံလိုက်ပါတယ်။

ဒီပွဲစဉ်မှာ မိနစ် (၉၀)အတွင်း ဘယ်အသင်းကမှ အနိုင်မရရှိခဲ့ဘဲ ဂိုးမရှိသရေရလဒ်သာ ထွက်ပေါ်ခဲ့တာကြောင့် ပြန်ကန်ပွဲစဉ်အဖြစ် ယူနိုက်တက်ရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ပြန်လည်ကစားသွားရမှာပဲဖြစ်ပါတယ်။

"ဝုဗ်စ်တို့ဟာ အသင်းကောင်း တစ်သင်း၊ အားကောင်းတဲ့ အသင်းတစ်သင်း၊ ပြီးတော့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမှာလည်း အလွန်အားကောင်းတဲ့ အသင်းပါ။"လို့ ဆိုးလ်ရှားက ပွဲအပြီးမှာ BT Sports ကို ပြောပါတယ်။

"ကျနော်တို့ ပထမပိုင်းမှာ ကောင်းကောင်း ကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုအသာစီးယူနိုင်ခဲ့သလို ပွဲကိုလည်း ထိန်းချုပ်နိုင်ခဲ့ပါတယ်။

"ဒါပေမယ့် သူတို့ဟာ ဒုတိယပိုင်းအရောက်မှာ ပွဲကို ပြန်လည်ရယူသွားခဲ့ပြီး ပိုပြီးခက်ခဲတဲ့ ပွဲဖြစ်စေခဲ့ပါတယ်။ ဟုတ်ပါတယ်။ သူ (မက် ဒိုဟာတီ) သွင်းလိုက်တဲ့ ဂိုးက ဘောလုံးဟာ သူ့ ခေါင်းကို လွဲချော်ပြီး  သူ့လက်မောင်းကို ထိမှန်ခဲ့တာကြောင့် ဂိုးအဖြစ်မပေးခဲ့တာဟာ ကျနော်တို့ သက်သာရာရခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ ပြိုင်ပွဲတစ်ခုပါ။ ကျနော်ကတော့ သရေရလဒ်ဟာ မျှတတဲ့ ရလဒ်တစ်ခုလို့ ထင်ပါတယ်။"

ဝုဗ်နဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ယူနိုက်တက်ဟာ ပြိုင်ဘက် ဂိုးပေါက်ကို တည့်အောင် တစ်ကြိမ်တစ်ခါမှ ကန်သွင်းနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒါ့အပြင် ယူနိုက်တက်တို့အနေနဲ့ ဝုဗ်စ်အသင်းကို နောက်ဆုံးတွေ့ဆုံခဲ့တဲ့ (၄)ကြိမ်မှာ (၄)ကြိမ်စလုံး နိုင်ပွဲပျောက်ဆုံးခဲ့သလို ဒီတစ်ကြိမ် (၅)ကြိမ်မြောက်တွေ့ဆုံမှုမှာလည်း သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

သူတို့ဟာ ကာရာဘောင်ဖလား အကြိုဗိုလ်လုပွဲ နှစ်ကျော့ ကစားရမယ့် အချိန်မျိုးမှာ အက်ဖ်အေဖလား ပြန်ကန်ပွဲစဉ်ကလဲ ပါဝင်လာပြန်တာကြောင့် ဇန်နဝါရီကာလမှာလဲ နောက်ထပ် ပွဲကျပ်ကာလ တစ်ခုကို ရင်ဆိုင် ဖြတ်ကျော်ရဦးမှာ ဖြစ်ပါတယ်။

ပြန်ကန်ပွဲစဉ်နဲ့ပတ်သက်ပြီး ဆိုးလ်ရှားက "ဒီညမှာ ကျနော်တို့ နောက်တစ်ဆင့်တက်ရောက်ဖို့ မျှော်လင့်နေပေမယ့် အခုထိ ဒီနေမှာပဲ ရှိနေသေးတယ်။ ကျနော်ကတော့ ဖလားပြိုင်ပွဲကနေ ထွက်ရတာထက်စာရင် ပြန်ကန်ရာတာကို ပိုကြိုက်မိတယ်။ အမှန်ပါ။ ဒီနေရာကိုလာပြီး ကစားရတာ ခဲခက်တယ်ဆိုတာ ကျနော်တို့ သိထားပါတယ်။

ကျနော်တို့ဟာ ဖလားပြိုင်ပွဲထဲမှာ ရှိနေဆဲဖြစ်ပြီး အိမ်ကွင်းမှာ နောက်တစ်ဆင့်ကို တက်ရောက်နိုင်မယ့် အနည်းငယ်သော အခွင့်အရေတစ်ခု ရှိနေပါသေးတယ်။"လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly