အမေရိကန်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် အီရန်တပ်မှူး စျာပနပွဲ လူသောင်းချီ တက်ရောက်

အမေရိကန်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် အီရန်တပ်မှူး စျာပနပွဲ လူသောင်းချီ တက်ရောက်

ဇန်နဝါရီ ၅ ။    ။ ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်က အမေရိကန်၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့သည့် အီရန် ထိပ်တန်းတပ်မှူး ဗိုလ်ချုပ်ကြီး ဆိုလေမာနီနှင့် အီရတ်ပြည်သူ့စစ်အဖွဲ့ တာဝန်ရှိသူများ၏ စျာပနအခမ်းအနားကို ဇန်နဝါရီ ၄ ရက်က အီရတ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အီရတ် ဘာသာရေးမြို့ ကာဘာလာရှိ အိုင်မမ် အာဘတ်စ် ဗလီတွင် ပြုလုပ်သည့် စျာပနအခမ်းအနား စီတန်းလှည့်လည်မှုတွင် လူပေါင်း သောင်းချီ တက်ရောက်လာပြီး သေဆုံးသူများကို ဂါရဝပြုခဲ့ကြသည်။

အမေရိကန်တို့က ဘဂ္ဂဒက် နိုင်ငံတကာလေဆိပ်တွင် တိုက်ခိုက်မှုတစ်ရပ် ပြုလုပ်ခဲ့ရာ အီရန်ဗိုလ်ချုပ်ကြီး ဆိုလေမာနီ နှင့် အီရန်ကျောထောက်နောက်ခံ အီရတ် ပြည်သူ့စစ်အဖွဲ့အကြီးအကဲ အဘူ မာဒီ အယ်လ်မူဟာဒစ် အပါအဝင် အခြား ရှစ်ဦးတို့ သေဆုံးခဲ့ရခြင်းဖြစ်သည်။

အဆိုပါ ကိစ္စအတွက် လက်ရှိတွင် အမေရိကန်နှင့် အီရန်အကြား တင်းမာမှုမြင့်တက်နေပြီး အီရန်တို့ဘက်က သင့်တင့်သည့်အချိန်တစ်ခုတွင် ပြန်လည်လက်စားချေသွားမည်ဟု ကြုံးဝါးထားသည်။

နှစ်ဘက်စလုံးအနေဖြင့် အခြေအနေ ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်သင့်ကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းက သတိပေးဆော်သြလျက် ရှိသည်။

လက်ရှိအခြေအနေအရ အရှေ့အလယ်ပိုင်းဒေသသို့ တပ်ဖွဲ့ဝင် ၃,၀၀၀ ခန့် ထပ်မံစေလွှတ်မည်ဖြစ်ပြီး အီရတ်နိုင်ငံရောက် အမေရိကန်နိုင်ငံသားများကို ယင်းနိုင်ငံမှ အမြန်ဆုံးထွက်ခွာရန် အမေရိကန်က တိုက်တွန်းပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly