စစ်ပွဲမဖြစ်အောင် ကြိုတင်တားဆီးနိုင်ရန်အတွက် ဆိုလေမာနီကို သုတ်သင်ခဲ့ခြင်းဖြစ်ဟု ဒေါ်နယ်ထရမ့် ပြော

စစ်ပွဲမဖြစ်အောင် ကြိုတင်တားဆီးနိုင်ရန်အတွက် ဆိုလေမာနီကို သုတ်သင်ခဲ့ခြင်းဖြစ်ဟု ဒေါ်နယ်ထရမ့် ပြော
Photo: EPA

ဇန်နဝါရီ ၄ ။         ။ စစ်မဖြစ်အောင် တားဆီးရန်အတွက် အီရန် စစ်တပ်ထိပ်တန်းတပ်မှူး ဗိုလ်ချုပ်ကြီး ကာဆမ်  ဆိုလေမာနီကို အမေရိကန်ဘက်က သုတ်သင်ရှင်းလင်းခဲ့ရခြင်း ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။

အမေရိကန်တို့၏ ယင်း တိုက်ခိုက်မှုက စစ်ပွဲတစ်ခုကို စတင်လိုက်ခြင်း မဟုတ်ဘဲ စစ်မဖြစ်အောင် တားဆီးနိုင်ရေးအတွက်သာ ရည်ရွယ်ကြောင်း ထရမ့်က ပြောသည်။

ယခုကဲ့သို့ အမေရိကန်တို့က အီရန် ဗိုလ်ချုပ်ကြီး ဆိုလေမာနီကို သုတ်သင်ခဲ့ပြီးနောက် အီရန်နှင့် အမေရိကန်အကြား တင်းမာမှုများ မြင့်တက်လာခဲ့ပြီး ယခုကိစ္စအတွက် ပြန်လည် လက်တုန့်ပြန်မည်ဟု အီရန်ဘက်က ကြုံးဝါးထားသည်။

ယင်းအတွက်ကြောင့်လည်း ကြိုတင်ကာကွယ်မှုအဖြစ် အရှေ့အလယ်ပိုင်းဒေသသို့ နောက်ထပ် တပ်ဖွဲ့ဝင်အင်အား ၃,၀၀၀ စေလွှတ်သွားမည်ဟု အမေရိကန်က ပြောသည်။

အမေရိကန်လက်ချက်ကြောင့် သေဆုံးသွားသည့် အီရန်ဗိုလ်ချုပ်ကြီး ဆိုလေမာနီသည် ယင်းနိုင်ငံ၏ စစ်တပ်တွင် အရေးအပါဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly