ရုရှနှင့် ယူကရိန်း လေယာဉ် တိုက်ရိုက်ပျံသန်းမှု ပိတ်မည်

ရုရှနှင့် ယူကရိန်း လေယာဉ် တိုက်ရိုက်ပျံသန်းမှု ပိတ်မည်

ရုရှအပေါ် ယူကရိန်း၏ ဒဏ်ခတ်ပိတ်ဆို့သစ်တစ်ရပ်အဖြစ် ယူကရိန်းနှင့် ရုရှကြားက တိုက်ရိုက်လေယာဉ်ပျံသန်းမှုများကို အောက်တိုဘာ ၂၅ ရက်မှစကာ တားမြစ်ပိတ်ပင်မည်ဖြစ်သည်။

ရုရှအပေါ် ယူကရိန်း၏ ယခုဒဏ်ခတ်မှုက ရူးနှမ်းမှုတစ်ရပ်သာဖြစ်ကြောင်း ပထမတွင် ရုရှက ပြောပြီးနောက်ပိုင်း ဆင်တူအကျိုးပေးအတိုင်း ပြန်လည်တုံ့ပြန်မည်ဟု ကြေညာလိုက်ခြင်းဖြစ်သည်။

ယူကရိန်းက အောက်တိုဘာ ၂၄ ရက် သန်းခေါင်အချိန်မှစ၍ လေယာဉ်ပျံသန်းမှုများကို ရပ်တန့်ပစ်တော့မည်ဖြစ်ကြောင်း ပြောသည်။

ယူကရိန်းနှင့် ရုရှကြား တိုက်ရိုက်ပျံသန်းသွားလာသည့် ခရီးသည်ပေါင်းမှာ တစ်လလျှင် ၇၀၀၀၀ ကျော်မျှရှိထားရာ ယင်းခရီးသည်များအတွက် သက်ရောက်မှုများဖြစ်မည့် ပိတ်ဆို့မှုပင်ဖြစ်သည်။

ယခုကဲ့သို့ ဒဏ်ခတ်ပိတ်ဆို့ခြင်းမှာ ခရိုင်းမီးယားအရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းနှင့် ယူကရိန်အရှေ့ပိုင်းတွင် သူပုန်များကို ထောက်ပံ့နေခြင်းတို့ကြောင့် ရုရှကို အပြစ်ပေးခြင်းဖြစ်သည်။

ယူကရိန်း၏ ယခုလုပ်ဆောင်မှုက ကိုယ်ကိုကို ပြန်ဒုက္ခပေးခြင်းသက်သက်သာဖြစ်ကြောင်း ရုရှက စွပ်စွဲပြီး များစွာသောခရီးသည်များက ရုရှသို့ လာရောက်သည့် ယူကရိန်းနိုင်ငံသားများဖြစ်သည်ကို   ထောက်ပြသည်။

သို့သော် ခရီးသည်များ၏ သုံးပုံနှစ်ပုံက ရုရှလေကြောင်းလိုင်းများဖြင့် စီးနင်းသွားလာကြခြင်းဖြစ်သည်။

နှစ်နိုင်ငံကြား ခရီးစဉ်များအတွက် လက်မှတ်ရောင်းချရမှုသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၁၁၀ နီးပါးရှိထားသည်ကို နှစ်နိုင်ငံစလုံး ဆုံးရှုံးရလိမ့်မည်ဖြစ်ကြောင်း ရုရှသယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ခန့်မှန်းပြောကြားခဲ့သည်။

Ref ; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly