ကင်ဆာရောဂါတွေနဲ့ လေ့ကျင့်ခန်းလုပ်ခြင်း

ကင်ဆာရောဂါတွေနဲ့ လေ့ကျင့်ခန်းလုပ်ခြင်း

ရေးသားသူ Dr. Thiha Phyo Myint
 ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


မင်္ဂလာပါ

Hello Sayarwon စာမျက်နှာကနေ ကြိုဆိုပါတယ် ။ ဒီတစ်ခေါက်ဆောင်းပါးမှာတော့ ကင်ဆာရောဂါတွေနဲ့ လေ့ကျင့်ခန်းလုပ်ခြင်း အကြောင်းကို ဖော်ပြပေးမှာပါ ။

၂၀၁၉ ခုနှစ်အတွင်းမှာ လုပ်ထားတဲ့ ဆေးသုတေသနစစ်တမ်းတစ်ခုအရ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းက တချို့သောကင်ဆာရောဂါ‌တွေကို ကာကွယ်ရာမှာ အကျိုးထူးစေပါတယ် ။ ဒါ့အပြင် ကင်ဆာရောဂါဖြစ်နေရင်တောင်မှ ကုသရာမှာ ရလဒ် အကျိုးထူးစေပါတယ်။ အမေရိကန်နိုင်ငံမှာ ပြုလုပ်ထားတဲ့ ဒီစစ်တမ်းအရ လေ့ကျင့်ခန်းလုပ်ခြင်းက ဆီးအိမ်၊ရင်သား၊အူမကြီး၊အစာမြိုပြွန်၊ကျောက်ကပ်၊အစာအိမ်နဲ့ သားအိမ်ကင်ဆာဖြစ်ခြင်းတွေကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုထားပါတယ် ။ နောက်ထပ်အနေနဲ့ ရင်သားကင်ဆာ၊အူမကြီးကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာ ဝေဒနာသည်တွေကို ကုသရာမှာရော ရလဒ်အရပါ ကောင်းမွန်တာတွေ့ရသလို ကင်ဆာရဲ့ ဘေးထွက်ဆိုးကျိုးပိုနည်းစေတာကိုလည်း တွေ့ရပါတယ် ။
ဘယ်လိုလေ့ကျင့်ခန်း လုပ်ရမလဲ

သုတေသီတွေကတော့  ကင်ဆာဝေဒနာသည်တွေအနေနဲ့ အေရိုးဗစ်လိုမျိူ ပေါ့ပါးတဲ့ လေကျင့်ခန်းမျိုးကို တစ်ပတ် ၃ကြိမ် ၊ အလေးမခြင်းလို အားစိုက်ထုတ်ရတဲ့ လေ့ကျင့်ခန်းတွေကို တစ်ပတ် ၂ကြိမ် လုပ်ဖို့ နဲ့ တစ်နေ့ကို မိနစ် ၃၀ခန့် လေ့ကျင့်ခန်း လုပ်ဖို့ အကြံပြုပေးထားပါတယ် ။

ကင်ဆာရောဂါကာကွယ်ခြင်းမှာတော့ တစ်ပတ်ကို ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်း မိနစ် ၁၅၀ ခန့်နဲ့ အားစိုက်ရတဲ့ လေ့ကျင့်ခန်း ၇၅ မိနစ်ခန့် လုပ်ဖို့ အကြံပေးထားပါတယ်။

လေ့ကျင့်ခန်းလုပ်ခြင်းက ကင်ဆာတွေကို ဘယ်လိုနည်းလမ်းနဲ့ ကာကွယ်ပေးတာလဲ၊ ဘယ်လိုရောဂါကို သက်သာအောင် လုပ်တာလဲဆိုတဲ့ နည်းလမ်းအတိအကျတွေကိုတော့ ရှာမတွေ့သေးပါဘူး ။ ဒါပေမဲ့ လေ့ကျင့်ခန်းတွေက စိတ်ရောကိုယ်ပါ လန်းဆန်းစေသလို ခန္ဓာကိုယ်ထဲက မကောင်းတဲ့ အဆီတွေကို ကျစေတဲ့အတွက် ကျန်းမာရေးအတွက် ကောင်းစေမှာ အမှန်ပါပဲ။

အားလုံးကို ကျေးဇူးတင်ပါတယ်

ရေးသားသူ – Dr.အောင်ကျော်မြင့်

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly