ချယ်လ်ဆီးအသင်းအနေနဲ့ ၂၀၁၈-၁၉ ရာသီအတွက် နှစ်ကုန်ဘဏ္ဍာရေးရှင်းတမ်းမှာ ပေါင် (၉၆.၆)သန်း (ဒေါ်လာ ၁၂၈ သန်း) အရှုံးပေါ်မှုတစ်ရပ် စံချိန်တင်ခဲ့တယ်လို့ ကလပ်အသင်းက အင်္ဂါနေ့က ထုတ်ပြန်ခဲ့ပါတယ်။
ဇွန်လ ၃၀ ရက်ကနေ ၂၀၁၉ ခုနှစ်အထိ နှစ်ကုန်အတွက် ဒီဘဏ္ဍရေးရှင်းတမ်းဟာ စာချုပ်ချုပ်ဆိုမှုတွေနဲ့ ထုတ်ပယ်ခြင်းတွေအတွက် ကုန်ကျတဲ့ ရလဒ်တွေလည်းဖြစ်ပါတယ်။
အပြာရောင်ခြင်္သေ့တို့ဟာ ပြီးခဲ့တဲ့ နှစ်နှစ်က အမြတ်ထွက်ခဲ့တယ်ဆိုပေမယ့် အခုလို အရှုံးပေါ်ခဲ့ရတာကတော့ အသင်းရဲ့ ကစားသမားခေါ်ယူမှု ပိတ်ပ်ငခံရခြင်း၊ ချန်ပီယံလိဂ်ဝင်ခွင့်လွဲချော်ခြင်းနဲ့ ကွန်တီနဲ့ သူ့ရဲ့နည်းပြအဖွဲ့ဝင်တွေကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လက ထုတ်ပယ်ခဲ့ခြင်းတွေကြောင့်ဖြစ်တယ်လို့ အသင်းကနေ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ကလပ်အသင်းရဲ့ ဝင်ငွေပိုင်းက ဇွန်လ ၃၀ ရက်ကနေ ၂၀၁၉အကုန်မှာ ပေါင် (၄၄၆.၇)သန်း (ဒေါ်လာ ၅၉၂.၄ သန်း) တိုးတက်ခဲ့ပြီး အရှုံးပေါ်မှုတွေရှိနေပေမယ့်လည်း သူတို့ဟာ "ယူအီးအက်ဖ်အေရဲ့ ဘဏ္ဍာရေးမျှခြေ စည်းမျဉ်းများ (FFP)နဲ့အညီ ဆက်လက်လိုက်နာနေတယ်။"လို့ ကြေညာချက်က ပြောပါတယ်။
ချယ်လ်ဆီးအသင်းဟာ လူငယ်ကစားခေါ်ယူရာမှာ ဖီဖာရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့လို့ အပြောင်းအရွှေ့ကာလနှစ်ခုမှာ ကစားသမားခေါ်ယူခွင့်ပိတ်ပင်ခံခဲ့ရပါတယ်။
ဒါပေမယ့်လည်း အသင်းက အပြောင်းအရွှေ့ပိတ်ပင်ခံမှု လျှော့ချပေးဖို့ နိုင်ငံတကာအားကစားခုံရုံး (CAS) ဆီ အယူခံဝင်ခံရာ အောင်မြင်သွားပြီးနောက် လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မှာ ကစားသမားသစ်တွေ ခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။
အပြာရောင်ခြင်္သေ့တို့ဟာ လက်ရှိမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် (၄)နေရာမှာ ရှိနေပြီး ဗုဒ္ဓဟူးနေ့ နှစ်သစ်ကူးနေ့မှာ ဘရိုက်တန်နဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။
Ref; Goal