မြိတ်မှာ Super Market တစ်ခု ဖွင့်လှစ်ရန် လုပ်ငန်းရှင် ၂ ဦး သဘောတူ စာချုပ်ချုပ်

မြိတ်မှာ Super Market တစ်ခု ဖွင့်လှစ်ရန် လုပ်ငန်းရှင် ၂ ဦး သဘောတူ စာချုပ်ချုပ်
ပုံ- ဒီမိုးသွေး(မြိတ်)  မြိတ်မြို့မှာ Super Market ဖွင့်လှစ်ရန် လုပ်ငန်းရှင်း ၂ ဦး သဘောတူ စာချုပ်ချုပ်ဆိုနေ

မြိတ်၊ ဒီဇင်ဘာ (၃၁)။          ။ ကုန်ပစ္စည်း အမျိုးအစားပေါင်း ၂ သိန်းကျော် ထည့်သွင်း ရောင်းချမည့် ကုန်တိုက်သစ် တစ်ခုကို တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှာ Super Market တစ်ခု ဖွင့်လှစ်ရန် စီးပွားရေး လုပ်ငန်းရှင် ၂ ဦး သဘောတူ စာချုပ်ချုပ်ဆိုမှု ဒီဇင်ဘာ ၃၁ ရက် ပြုလုပ်ခဲ့ကြသည်။

ကုန်တိုက်တည်ဆောက်ရေး လုပ်ငန်းကို ၂၀၂၀ ခုနှစ်၊ မတ်လမှာ စတင် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး Sea View Condo နှင့် Myeik Shopping Center တို့က ပူးပေါင်း၍ ဆောင်ရွက်ကြမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အသစ် ဖွင့်လှစ်မည့် ကုန်တိုက်သစ်ကို မြိတ်မြို့ ကမ်းနားလမ်းမှာ ရှိသည့် Sea View Condo ၏  Sea View Mall မြေညီထပ်မှာ ဖွင့်လှစ်သွားမှာ ဖြစ်သည်။

Myeik Shopping Center ၏ CEO မမေသူက“အခု လက်မှတ် ရေးထိုးတာက ကုမ္ပဏီ ၂ ခု ပူးပေါင်းပြီးတော့ မြိတ်မြို့မှာ ခေတ်မှီတဲ့ Super Market တစ်ခု ဖွင့်လှစ်ဖို့ အတွက် လက်မှတ် ရေးထိုးတဲ့ အခမ်းအနားလေး ဖြစ်တယ်”ဟု ပြောဆို သည်။

Sea View Condo ၏ လက်ထောက် မန်နေဂျာ ကိုသောင်းကြွယ်က “ကျွန်တော်တို့ ကုမ္ပဏီ ၂ ခု ပူးပေါင်းပြီး၊ Super Market တစ်ခု ဖွင့်လှစ်ဖို့ လက်မှတ် ရေးထိုးတာ ဖြစ်တယ်၊ ဒီ Market ကို ၂၀၂၀ ခုနှစ်၊ မတ်လမှာ အပြီးအပ်နှံသွား နိုင်အောင် ပြင်ဆင်နေပါတယ်”လို့ ပြောကြား သည်။

Myeik Shopping Center ၏ CEO မမေသူက ကုန်တိုက်ကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာပိုင်းမှာ ဖွင့်လှစ်နိုင်ရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောသည်။

အဆိုပါ ကုန်တိုက်သစ်သည် အကျယ်ဝန်း ၁၂၀၀၀ စတုရန်း ဝန်းကျင် ကျယ်ဝန်းပြီး ပြည်တွင်း/ပြည်ပထုတ် လူသုံးကုန် ပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများနှင့် လျှပ်စစ် ပစ္စည်းများ ထည့်သွင်း ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။  

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly