၂၀၁၉ ခုနှစ်အတွင်း လူစိတ်ဝင်စားမှုအများဆုံး သတင်းများ

၂၀၁၉ ခုနှစ်အတွင်း လူစိတ်ဝင်စားမှုအများဆုံး သတင်းများ

၂၀၁၉ ခုနှစ်အတွင်း မဇ္ဈိမစာဖတ်ပရိသတ်များအတွက် တင်ဆက်ပေးခဲ့သော အထင်ကရသတင်းအချို့ကို အကျဉ်းချုံးဖော်ပြပေးလိုက်ပါသည်။

ဒီဇင်ဘာ

ဘင်္ဂါလီမွတ်စလင်များအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့ခြင်းမရှိ ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြော

ဂမ်ဘီယာနိုင်ငံက OIC နိုင်ငံများကိုယ်စား မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှုနှင့် နယ်သာလန်နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင်  တရားစွဲဆိုခဲ့မှုအပေါ် ဘင်္ဂါလီစစ်သွေးကြွများ၏ တိုက်ခိုက်မှုတစ်ရပ်ကို မြန်မာစစ်တပ်ဘက်က ပြန်လည်တုံ့ပြန်ခဲ့ရခြင်းသာဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်က အခြေအနေမှန်ကို မသိဘဲ မပြည့်စုံသော အထောက်အထားများဖြင့် တရားရုံးမှာ တင်ပြတိုင်တန်းခြင်းသာဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ခုခံပြောဆိုခဲ့သည်။

နိုဝင်ဘာလ

မြန်မာနိုင်ငံ၌ ဓာတုလက်နက်များသိုလှောင်ထားနိုင်ဖွယ်ရှိသည်ဟု အမေရိကန်ပြော

မြန်မာနိုင်ငံသည် ဓာတုလက်နက်တားမြစ်ရေး တစ်ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်ပြီး ၁၉၈၀ ပြည့်နှစ် အကြွင်းအကျန် ဓာတုလက်နက်များ သိုလှောင်ထားနိုင်ဖွယ်ရှိသည်ဟု အမေရိကန်က ပြောကြားခဲ့သည်။

အောက်တိုဘာ

AA မှ ရဲနှင့်တပ်မတော်သား ၄၀ ကျော်ကို ပြန်ပေးဆွဲ

ရခိုင်တပ်ဖွဲ့ (AA) သည် ရခိုင်ပြည်နယ်၊ စစ်‌တွေမြို့မှ ထွက်ခွါလာသည့် ရွှေနဒီ ရှပ်ပြေးအမြန်ရေယာဉ်ပေါ်တွင် လိုက်ပါလာသည့် တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင် ၄၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

စက်တင်ဘာ

တပ်မတော်၏လုပ်ရပ်ကို တရားစွဲဆိုမှုအပေါ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်သွားဖွယ်ရှိ

လူနည်းစုဘင်္ဂါလီမွတ်စလင်များအပေါ် တပ်မတော်၏ နယ်‌မြေရှင်းလင်းမှုနှင့် ပတ်သက်ပြီး စွပ်စွဲခံရမှုအပေါ် မြန်မာ့ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့သည့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မြန်မာ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ရင်ဆိုင်ဖြေရှင်းသွားနိုင်ဖွယ်ရှိကြောင်း ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးတာဝန်ရှိသူများက ပြောဆိုလိုက်သည်။

ဩဂုတ်

မြန်မာ့တပ်မတော်မှ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ဥက္ကဋ္ဌအား တရားစွဲဆို

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှ ဘာသာရေးခေါင်းဆောင် ဒေါက်တာ ခလမ်ဆမ်ဆွန်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့်တွေ့ဆုံစဉ် တပ်မတော်မှ ခရစ်ယာန်ဘာသာဝင်များကို နှိပ်ကွပ်ကြောင်း၊ ဘုရားကျောင်းများကို ဖျက်ဆီးကြောင်း၊ ဘာသာရေးလွတ်လွတ်လပ်လပ်ကိုးကွယ်ခွင့်မရကြောင်း စသဖြင့် တိုင်တန်းပြောကြားခဲ့သည့်အတွက် မြန်မာ့တပ်မတော်မှ ၎င်းအား တရားစွဲဆိုခဲ့သည်။

ဇူလိုင်

ဘင်္ဂါလီမွတ်စလင်အရေးနှင့်ပတ်သက်ပြီး အမေရိကန်မှ မြန်မာစစ်ခေါင်းဆောင်များအား အရေးယူမှုပြုလုပ်

အမေရိကန်ပြည်ထောင်စုသည် မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အခြားထိပ်တန်းစစ်ခေါင်းဆောင်များအား ဘင်္ဂါလီမွတ်စလင်များကို သတ်ဖြတ်မှုကျူးလွန်ခဲ့သည်ဟုဆိုကာ အမေရိကန်ပြည်ဝင်ခွင့်ပိတ်ခဲ့သည်။

ဇွန်

သီလဝါအထူးစီးပွားရေးဇုန်၏ ခြေလှမ်းသစ်

ဂျပန်ကျောထောက်နောက်ခံပြု သီလဝါအ‌ထူးစီးပွားရေးဇုန်သည် ဂျပန်နှင့် နိုင်ငံခြားကုမ္ပဏီများအား ထပ်မံဖိတ်ခေါ်လျက် တရုတ်နှင့် ဗီယက်နမ်နိုင်ငံအတွက် ကုန်ထုတ်လုပ်မှု ဗဟိုချက်အဖြစ် ထပ်မံတိုးချဲ့ခဲ့သည်။

မေ

ရိုက်တာသတင်းထောက်နှစ်ဦး ထောင်မှလွတ်

နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေကိုချိုးဖောက်သည်ဟူသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသည့် ရိုက်တာသတင်းထောက်နှစ်ဦး ထောင်မှလွတ်မြောက်ခဲ့သည်။ ဝလုံး (၃၃နှစ်) နှင့် ကျော်စိုးဦး (၂၉) နှစ်တို့သည် အင်းစိန်ထောင်တွင် ရက်ပေါင်း ၅၀၀ ကျော် နေခဲ့ရပြီး နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။

ဧပြီ

မြန်မာ့စီးပွားရေးနှေးကွေးမှုအပေါ် IMF မှသတိပေး

မြန်မာ့စီးပွားရေးသည် အရှိန်အဟုန်လျော့နည်းလာဟန်ရှိကြောင်း၊  ဘဏ်လုပ်ငန်းကဏ္ဍ အားနည်းချက်များနှင့် ရခိုင်အရေးများအတွက်လည်း စိုးရိမ်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF) က သတိပေး ပြောကြားခဲ့သည်။

မတ်

ဒစ်ဂျစ်တယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် လမ်းပြမြေပုံရေးဆွဲ

မြန်မာနိုင်ငံ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် လာမည့် ၆ နှစ်အကြာတွင် ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မဟာဗျူဟာများ ထည့်သွင်းရေးဆွဲထားသည့် လမ်းပြမြေပုံကို ထုတ်ပြန်ခဲ့သည်။ 

ဖေဖော်ဝါရီ

တရုတ်၏ BRI အစီအစဉ်ကို စိစစ်ဖို့လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

ပေကျင်းရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း (BRI) ၏ မြန်မာနိုင်ငံနှင့်ပြည်သူအပေါ် ရေတို ရေရှည်အကျိုး သက်ရောက်မှုများကို စိစစ်အကဲဖြတ်ရန်လိုကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က BRI အကောင်အထည်ဖော်ဆောင်ရွက်ရေး အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ဇန်နဝါရီ

ရခိုင်ပြည်နယ်အတွင်း လျှစ်စစ်ဓာတ်အားဖြန့်ဖြူးပေး

ပဋိပက္ခများဖြစ်ပွားပြီး ဆင်းရဲချို့တဲ့သည့် ရခိုင်ပြည်နယ်အတွက် အစိုးရမှ ဖွံဖြိုးတိုးတက်မှုများ အလေးပေးလုပ်ဆောင်ခဲ့သည်။ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များကို လျှပ်စစ်မီးပေးနိုင်မည့် ဓာတ်အားခွဲစက်ရုံကို တည်ဆောက်ပြီး ဓာတ်အားလိုင်း ၁၀၄ ကီလိုမီတာ (မိုင် ၆၀ ) သွယ်တန်းကာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly