ကလေးငယ်တွေ ဉာဏ်ရည် ဖွံ့ဖြိုးမှုအတွက် ကျွေးသင့်သော အစားအစာများ

ကလေးငယ်တွေ ဉာဏ်ရည် ဖွံ့ဖြိုးမှုအတွက် ကျွေးသင့်သော အစားအစာများ

ရေးသားသူ Dr. Nyi Nyi Kyaw


ကလေးတွေအတွက် မနက်စာ၊ နေ့လယ်စာ၊ ညစာ ပြင်ဆင်ပေးတဲ့ အခါမှာ အခုဖော်ပြထားတဲ့ အစားအစာလေးတွေ ထည့်ပေးဖို့ လိုအပ်ပါတယ်။

၁။ ဆော်လမွန် ငါး – ဆော်လမွန်ငါးမှာ Omega 3 fatty acid တွေဖြစ်တဲ့ ဦးနှောက်ဖွံ့ဖြိုးမှု နှင့် မှတ်ဉာဏ် စွမ်းအား အတွက် မရှိမဖြစ်လိုအပ်တဲ့ EPA နှင့် DHA ပါဝင်ပါတယ်။ ကလေးတွေ က ငါးဆိုရင် ဒီတိုင်း ကျွေးရင် မစားချင်ကြပါဘူး။ ဒါကြောင့် sandwich လို လုပ်ပြီး ကျွေးတာမျိုး လုပ်ပေးရင်တော့ ပိုကြိုက်ကြပါလိမ့်မယ်။ တချို့ ကလေးတွေက ဆော်လမွန် မကြိုက်ဘူးဆိုရင်တော့ တူနာငါးကျွေးလို့လည်းရပါတယ်။ ဒါပေမယ့် ဆီသွပ်ဘူးတွေ မှာပါတဲ့ တူနာကတော့ အသားချည်းပဲပါပြီး ငါးအဆီ မပါတဲ့အတွက် omega 3 fatty acid ကတော့ နည်းပါတယ်။

၂။ ကြက်ဥ ကျွေးပါ – အားလုံးသိပြီးသားဖြစ်တဲ့အတိုင်း ကြက်ဥက အသားဓါတ်ကြွယ်ဝတဲ့ အတွက် ကလေးငယ်တွေ ခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးမှုအတွက် အလွန်အသုံးဝင်ပါတယ်။ နောက်တစ်ခု ကောင်းတဲ့ အချက်ကတော့ ကြက်ဥအနှစ်မှာပါဝင်တဲ့ ကိုလင်း(Choline) ဓါတ်က မှတ်ဉာဏ် စွမ်းအားကို မြှင့်တင်ပေးပါတယ်။ ဒါပေမယ့် တဖက်က ကိုလက်စထရောလည်း များတဲ့အတွက် တစ်နေ့ ကို ၂ လုံး ထက်ပို ပြီး မကျွေးသင့် ပါဘူး။ တစ်ခုရှိတာက ကလေးငယ်တွေမှာ ကြက်ဥ နှင့် တည့်မတည့် ကို စမ်းဖို့တော့ လိုပါတယ်။ စကျွေးတဲ့နေရာမှာ တည့်မတည့် ကိုအရင် အကာချည်း တစ်ဇွန်းလောက် နောက်တစ်ရက်မှာ အနှစ်ချည်း တစ်ဇွန်းလောက် ကျွေးကြည့်ပြီး နာရီဝက် တစ်နာရီလောက် စောင့်ကြည့်ပါ။ အနီကွက်တွေ မထွက်လာဘူးဆိုရင်တည့်တယ်လို့ ယူဆလို့ရပါတယ်။ နောက်နေ့ဆို ဆက်ကျွေးလို့ အဆင်ပြေပါပြီ။ ဒါပေမယ့် ကလေးငယ်တွေ ကို ကျွေးတဲ့ နေရာမှာ အစိမ်းလုံးဝ မကျွေးသင့်ပါ။ အကျက် (သို့မပါုတ်) အကာကျက်လေး ပြုတ်ပြီး ကျွေးရပါမယ်။

၃။ မြေပဲထောပတ် ကျွေးပါ– အခုနောက်ပိုင်း Supermarket တော်တော် များများမှာ မြေပဲထောပတ် peanut butter ဝယ်လို့ရနေပါပြီ။ peanut butter က ဗီတာမင် E ကြွယ်ဝပြီး ဓါတ်တိုးဆန့်ကျင်သတ္တိရှိတဲ့ အတွက် အာရုံကြောဆဲလ်လေးတွေရဲ့ အမြှေးပါး ပျက်စီးမှုဒဏ်မှ ကာကွယ်ပေးပါတယ်။ နောက်ထပ်လည်း Thiamin (ဗီတာမင် B1) ကြွယ်ဝတဲ့ အတွက် ဦးနှောက် နှင့် အာရုံကြော လုပ်ငန်းဆောင်တာတွေအတွက် တစ်ဖက်တစ်လမ်းကနေ ကူညီပေးပါတယ်။ ဒါပေမယ့် မြေပဲကလည်း လူတိုင်းနှင့် မတည့်တတ်တဲ့ အတွက် ကလေးတွေကို စကျွေးရင် တည်၊့မတည့် သိရအောင် လက်တစ်တို့လောက်ကျွေးပြီး နာရီဝက် စောင့်ပြီး မှ အနီစက်ထွက်တာ အသက်ရှု ကြပ်တာတွေ မရှိမှဆက်ကျွေးပါ။ ဒါက အရင်ကတည်းက မြေပဲတစ်ခါ မှ မကျွေးဘူးတဲ့ ကလေးတွေ အတွက်သာ ဖြစ်ပါတယ်။


၅။ Oatmeal ကျွေးပါ – ကလေးငယ်တွေကို မနက်စာ အနေနဲ့ ဗီတာမင် B၊ E၊ ပိုတက်ဆီယမ် နှင့် ဇင့် ဓါတ် ကြွယ်ဝတဲ့ oatmeal ကျွေးသင့်ပါတယ်။

၆။ နွားနို့ နှင့် ဒိန်ချဉ် ကျွေးပေးပါ – ဦးနှောက် တစ်ရှုး၊ အင်ဇိုင်း တွေကို ဖွံ့ဖြိုးစေပါတယ်။ အခုနောက်ပိုင်း ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ထပ်ဖြည့်ထားတဲ့ Fortified Milk တွေတိုက်လည်းအဆင်ပြေပါတယ်။

၇။ ဘယ်ရီသီးတွေ များများကျွေးပါ– ဘယ်ရီသီးတွေ ဆိုတာကတော့ စတော်ဘယ်ရီသီး၊ ချယ်ရီသီး၊ ဘလူးဘယ်ရီ၊ ရက်စ်ဘယ်ရီ၊ ဘလက်ဘယ်ရီသီးစတဲ့ အသီးတွေကို ဆိုလိုတာပါ။ ဗီတာမင် စီ ကြွယ်ဝလို့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတဲ့အတွက် ကလေးငယ်တွေမှာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ် တွေကြောင့် ဖြစ်တဲ့ နှာစေး၊ ချောင်းဆိုး ဖြစ်တာတွေ ကို လျှော့ချပေးပါတယ်။

၈။ ပဲအမျိုးမျိုး ကျွေးပေးပါ – Omega 3 fatty acid ကြွယ်ဝတဲ့ kidney bean နှင့် pinto bean ကျွေးခြင်း အားဖြင့် ဦးနှောက်ဖွံ့ဖြိုးမှု ကို တစ်ဖက်တစ်လမ်းက အားပေးပါတယ်။ တစ်ခု သတိထားသင့်တာကတော့ တချို့သော ပဲအမျိုးအစားတွေက ကလေးတွေမှာ မတည့်တတ်ပါဘူး။ အထူးသဖြင့် G6PD ကလေးတွေ မှာ ဆိုရင် သက်ဆိုင်ရာဆရာဝန်တွေ နှင့် တိုင်ပင်ပြီးမှ ကျွေးသင့်ပါတယ်။

၉။ အရောင်စုံအောင် အသီးအရွက်တွေ ကျွေးပါ –

ဥပမာ (၁) အနီရောင် – ခရမ်းချဉ်သီး၊ စတော်ဘယ်ရီ

(၂) အဖြူရောင် – မုန့်ညှင်းဖြူ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်

(၃) အဝါရောင် (သို့) လိမ္မော်ရောင် – လိမ္မော်သီး၊ မုန်လာဥနီ

(၄) အစိမ်းရောင် – ကန်စွန်းရွက်၊ ပါင်းနုနွယ်၊ ပန်းပွင့်စိမ်း

(၅) ခရမ်းရောင် – စပျစ်သီး စတာတွေ ထဲ မှ တစ်နေ့ကို သုံးမျိုးလောက် ပါအောင်ကျွေးပေးပါ။ ကန်းစွန်းဥ နှင့် ရွှေဖရုံသီးကျွေးလည်း ရပါတယ်။ ကလေးတွေ ပိုကြိုက်ပါတယ်။

၁၀။ သံဓါတ် အားကောင်းစေတဲ့ အမဲသား ကျွေးပေးပါ – သံဓါတ်ပါာ ဦးနှောက်ဖွံ့ဖြိုးမှု နှင့် မှတ်ဉာဏ် စွမ်းအားကို မြှင့်တင်ပေးပါတယ်။ ဒါကြောင့် သံဓါတ် ကြွယ်ဝတဲ့ အမဲသား ကျွေးပေးဖို့လိုပါတယ်။ ဒါပေမယ့် တစ်ပတ်ကို နှစ်ကြိမ်ထက်တော့ မပိုသင့်ပါဘူး။

လေးစားစွာဖြင့်

ဒေါက်တာ ညီညီကျော်

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly