Miss Global 2015 ပြိုင်ပွဲတွင် မြန်မာနိုင်ငံက အလှမယ် ထက်ထက်ရည်အောင်မှ Miss Fashion ဆုရရှိ

Miss Global 2015 ပြိုင်ပွဲတွင် မြန်မာနိုင်ငံက အလှမယ် ထက်ထက်ရည်အောင်မှ Miss Fashion ဆုရရှိ

ရန်ကုန်၊ အောက်တိုဘာ ၂၃ ။ ။ ဖိလစ်ပိုင်နိုင်ငံတွင် အောက်တိုဘာ ၂၂ရက် က ကျင်းပခဲ့သည့် Miss Global 2015 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ဝင်ရောက် ယှဉ်ပြိုင်သည့် အလှမယ် ထက်ထက်ရည်အောင်မှ Miss Fashion ဆုကို ရရှိခဲ့သည်။

Miss Global 2015 ပြိုင်ပွဲကို Philippines နိုင်ငံ Manila မြို့ရှိ Resorts World တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး  မြန်မာနိုင်ငံ အပါအဝင် နိုင်ငံအသီးသီးမှ ပြိုင်ပွဲဝင် အလှမယ် အယောက် ၅၀ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

ထို ပြိုင်ပွဲကို မြန်မာနိုင်ငံမှ ပထမဆုံး အကြိမ် ဝင်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ထက်ထက်ရည်အောင် ကို Style Plus H သင်တန်းကျောင်းမှ ရွေးချယ် စေလွှတ်ခြင်း ဖြစ်သည်။

Miss Global 2015 ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ Top 20 ထဲ ပါဝင်ခဲ့သလို Top 11 ပဲ ရွေးချယ်ရာတွင်လည်း ပါဝင်ခဲ့သည်။ Talent ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မြန်မာ အက နှင့် ဝင်ရောက် ယှဉ်ပြိုင် ခဲ့ရာ Top 6 အထိ ပါဝင်ခဲ့သည်။

Miss Global 2015 အဖြစ် Miss Australia မှ ရရှိ ခဲ့ပြီး 1st runner up ကို Miss Cambodia ၊ 2nd runner up ကို Miss Ireland ၊ 3rd runner up ကို Miss Bulgaria ၊ 4th runner up ကို Miss Philippines တို့မှ အသီးသီး ရရှိခဲ့ကြသည်။

တခြား Title ဆုများ အနေဖြင့် Miss Azumi ဆုကို Miss England ၊ Miss Photogenic ဆုကို Miss South Africa ၊ Miss Enterprise ဆုကို Miss Guyna ၊ Miss Fitness ဆုကို Miss Ireland ၊ Miss Talent ဆုကို Miss Bulgaria ၊ Miss Fashion ဆုကို Miss Myanmar ၊ Miss Goodwill ဆုကို Miss Canada ၊ Miss Congeniality ဆုကို Miss Taiwan ၊ Miss Red Fox ဆုကို Miss Philippines ၊ Miss New Placenta ဆုကို Miss Philippines တို့မှ အသီးသီး ရရှိ ခဲ့ကြသည်။

ထက်ထက်ရည်အောင်သည် Miss People ၊ Miss Christmas ပြိုင်ပွဲတို့တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးပြီး မချော ၁၀ယောက် ကို ၁ ယောက် ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ခဲ့ဖူးသူ ဖြစ်သည်။ ယင်းနောက် အနုပညာ လှုပ်ရှားမှု အဖြစ် ကြော်ငြာများ နှင့် ဗီဒီယို ၃ကား ရိုက်ကူးခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly