အိန္ဒိယတွင် အမျိုးသမီးစစ်သည်များအား တိုက်လေယာဉ်မှူးများ ခွင့်ပြုပြီး တိုက်ခိုက်ရေးတွင်ပါ အမှုထမ်းခွင့်ပြုပြီ

အိန္ဒိယတွင် အမျိုးသမီးစစ်သည်များအား တိုက်လေယာဉ်မှူးများ ခွင့်ပြုပြီး တိုက်ခိုက်ရေးတွင်ပါ အမှုထမ်းခွင့်ပြုပြီ

အိန္ဒိယတွင် အမျိုးသမီးစစ်သည်များကို တိုက်လေယာဉ်များ ပျံသန်းခွင့် အစိုးရက ခွင့်ပြုပေးလိုက်ရာ ကမ္ဘာ့စစ်တပ်အင်အားအကြီးဆုံးတွင် အပါအဝင် နိုင်ငံအနေဖြင့် တိုက်ခိုက်ရေးတွင် အမျိုးသမီးများကိုပါ ပါဝင်ထမ်းရွက်ခွင့်ပေးလာခြင်းဟု ဆိုနိုင်သည်။

အိန္ဒိယလေတပ် IAF တွင် သယ်ပို့လေယာဉ်များနှင့် ရဟတ်ယာဉ်များ မောင်းနှင်ရသည့် စစ်သည်အမျိုးသမီးများကို တိုက်လေယာဉ်မှူးများအဖြစ် လူသစ်စုဆောင်ခန့်အပ်ရန်အတွက် အဆိုပြုချက်ကို ဗဟိုကာကွယ်ရေးဝန်ကြီးဌာနက ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

"အမျိုးသမီးစစ်သည်များကို တိုက်လေယာဉ်အုပ်တွေမှာ ဝင်ေရောက်ခြင်းကို ခွင့်ပြုလိုက်ခြင်းဖြင့် အမျိုးသမီးများအနေဖြင့် IAF ၏ မည်သည့်ဌာနအပိုင်းကဏ္ဍအတွက်မဆို သင့်လျော်သော အမှုထမ်းများဖြစ်လာခြင်းပင်။"ဟု အောက်တိုဘာ ၂၄ ရက်က ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

"အိန္ဒိယအမျိုးသမီးများ၏ စိတ်ဓာတ်ဆန္ဒပြင်းပြထက်သန်မှုအားဖြင့် ထွက်ပေါ်လာသည့် ရလဒ်ဖြစ်ပြီး ဖွံ့ဖြိုးပြီးနိုင်ငံများက လက်နက်ကိုင်တပ်များ၏ အလားအလာနှင့် ရင်ဘောင်တန်း အမှီလိုက်ခြင်းလည်းဖြစ်ကြောင်း" ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ သင်တန်းလေ့ကျင့်မှု ပြီးစီးပါက ရွေးချယ်ခံ အမျိုးသမီးစစ်သည်များသည် ၂၀၁၇ ဇွန်လတွင် စကာ တိုက်လေယာဉ်မှူးများ အဖြစ် တာဝန်ထမ်းရွက်ကြရမည်ဖြစ်သည်။

ယခုလုပ်ဆောင်မှုသည် စစ်သည်အမျိုးသမီးအား လေတပ်တိုက်ခိုက်ရေးအပိုင်းတွင်သာ ဝင်ရောက်အမှုထမ်းခွင့်သက်သက်မဟုတ်ဘဲ အိန္ဒိယစစ်တပ်၏ မည်သည့်အစိတ်အပိုင်းတွင် မဆို အမျိုးသမီးများ အမှုထမ်းခွင့်ရှိခြင်းကိုလည်း ဖော်ကျုးလိုက်ခြင်းပင်ဖြစ်သည်။

အမေရိကန်၊ အစ္စရေးတို့အပြင် အိန္ဒိယ၏ အိမ်နီးချင်း ပါကစ္စတန်ကဲ့သို့သော နိုင်ငံများတွင် တိုက်လေယာဉ်မှူးများအဖြစ် စစ်သည်အမျိုးသမီးများလည်း တာဝန်ထမ်းဆောင်လျက်ရှိသည်။

Ref: AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly