ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ ပတ်သက်လို့ လီဗာပူးလ်အသင်း ‘ဘာမှ မခံစားမိသလို တွေးလည်း မတွေးဘူး၊ ဘာမှတ်ချက်မှလည်း မပေးဘူး’လို့ ပြောလိုက်တဲ့ ကလော့ပ်

ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ ပတ်သက်လို့ လီဗာပူးလ်အသင်း ‘ဘာမှ မခံစားမိသလို တွေးလည်း မတွေးဘူး၊ ဘာမှတ်ချက်မှလည်း မပေးဘူး’လို့ ပြောလိုက်တဲ့ ကလော့ပ်

ပရီးမီးယားလိဂ်ကို လီဗာပူးလ်အသင်း (၁၃)မှတ်အသာနဲ့ ဦးဆောင်နေတာကို စိတ်ဝင်မစားတဲ့ ကလော့ပ်

အမှတ်ပေးဇယားထိပ်ဆုံးမှာ (၁၃)မှတ်အသာနဲ့ ဦးဆောင်နေပေမယ့်လည်း လီဗာပူးလ်အသင်းဟာ  ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ ပတ်သက်ပြီး "ဘာမှ မခံစားမိသလို တွေးလည်း မတွေးဘူး၊ ဘာမှတ်ချက်မှလည်း မပေးဘူး"လို့ ယာဂန် ကလော့ပ်က ပြောဆိုသွားပါတယ်။

ကြိုးကြာနီတို့ဟာ ဒုတိယနေရာက လက်စတာအသင်းကို (၄-၀)ဂိုးနဲ့ အဝေးကွင်းမှာ ဂိုးပြတ် ချေမှုန်းခဲ့ပြီး Boxing Day ပွဲစဉ်တွေအပြီး အခုချိန်မှာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အကြီးမားဆုံး အားသားမှုကို ဆုပ်ကိုင်ထားခဲ့ပြီဖြစ်ပါတယ်။

"တကယ့်ကို ကောင်းမွန်တဲ့ အသင်းတစ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်တစ်ခုပါ။ ဆုံးဖြတ်ချက်မချခင် ဘာပဲတွေးတောနေပါစေ ဒါဟာ ဆုံးဖြတ်ချက် မဟုတ်ပါဘူး။"လို့ ကလော့ပ်က ပြောပါတယ်။

လီဗာပူးလ်အသင်းဟာ တနင်္ဂနွေနေ့မှာ ဝုဗ်အသင်းကို လက်ခံကစားရမှာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ကာတာမှာ ကလပ်ကမ္ဘာ့ဖလားဆွတ်ခူးနိုင်ခြင်း၊ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခြင်းနဲ့ ပရီးမီးယားလိဂ်မှာ အတော်အတန် ဦးဆောင်ထားနိုင်ခြင်းတို့ကြောင့် စမ်းသပ်မှုကာလတစ်ခုကို ကျော်ဖြတ်လာနိုင်ခဲ့ပြီလို့ ဆိုရမှာပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာလည်း ၁၉၉၃-၉၄ ရာသီက ရမှတ် (၁၃)မှတ်အသာနဲ့ ထိပ်ဆုံးမှာ ရပ်တည်ခဲ့ပြီး ရာသီကုန်မှာ ဘလက်ဘန်းအသင်းကို (၈)မှတ်ဖြတ်ကာ ချန်ပီယံဖြစ်ခဲ့ပြီး လက်ရှိ လီဗာပူးလ်ရဲ့ ရလဒ်ဟာလည်း ၁၉၉၀ နောက်ပိုင်း သူတို့ရဲ့ ပထမဆုံးလိဂ်ဖလားကို ရယူဖို့ နီးကပ်လာခဲ့ပါတယ်။

ကလော့ပ်ရဲ့ အသင်းဟာ ပွဲကျန် တစ်ပွဲကစားဖို့ ရှိပြီး ဒီရာသီမှာ (၁၈)ပွဲကစားခဲ့ရာမှာ ရမှတ် (၂)မှတ်သာ ရှုံးဆုံးထားပေမယ့် ဂျာမန်နည်းပြကြီးကတော့ မျှော်လင့်ထားတဲ့အတိုင်း စိတ်အားထက်တန်မှုကို မပြခဲ့ပါဘူး။

"တစ်ခုတည်းသော အပြောင်းအလဲတွေက ကိန်းဂဏန်းတွေ ခြားနားသွားတာပါပဲ။ အရင်က ၁၀၊ ၁၁၊ အခုတော့ ၁၃ ဖြစ်သွားပါပြီ။ ကျနော်တို့ ဒါကို ဘာမှ မခံစားမိသလို ဒီအကြောင်း တွေလည်း မတွေးမိဘူး။ ပွဲမတိုမီကလည်း တစ်ကြိမ်မှ ဒီအကြောင်းကို ဘာမှတ်ချက်မှလည်း မပေးခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ဒါဟာ စိတ်ဝင်စားစရာ မကောင်းလို့ပါ။"

"ကျနော်တို့မှာ ဝုဗ်စ်၊ ရှက်ဖီးယူနိုက်တက်၊ အဲဗာတန်၊ တော့တင်ဟမ်၊ မန်ချက်စတာယူနိုက်တက်တို့နဲ့ ကစားဖို့ရှိတယ်။ ကျနော်တို့ ဒီအသင်းအားလုံးနဲ့ ကစားသွားရမှာမို့ ဘယ်အရာမှ အဆုံးအဖြတ်ဖြစ်သွားတယ်လို့ မကြားမိပါဘူး။ ကျနော်တို့ အစွမ်းကုန် ကြိုးစားပြီး အဆင်သင့်ဖြစ်နေဖို့ပါပဲ။ ဒီကိန်းဂဏန်းတွေက ဘာမှ မသက်ဆိုင်ပါဘူး။"

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly