အပြာရောင်ခြင်္သေ့တို့အတွက် အိမ်ကွင်းမှာ သက်သောင့်သက်သာ မရှိတဲ့အကြောင်း ဝန်ခံသွားတဲ့ ဖရန့်လမ်းပတ်

အပြာရောင်ခြင်္သေ့တို့အတွက် အိမ်ကွင်းမှာ သက်သောင့်သက်သာ မရှိတဲ့အကြောင်း ဝန်ခံသွားတဲ့ ဖရန့်လမ်းပတ်
Photos: AFP & EPA

ကြာသပတေးနေ့ညက ကစားသွားခဲ့တဲ့ Boxing Day ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ချယ်လ်ဆီးနဲ့ ဆောက်သမ်တန်တို့ ပွဲစဉ်မှာ တနင်္ဂနွေနေ့က တော့တင်ဟမ်နဲ့ ဒါဘီပွဲမှာ အမြင့်ဆုံးပျံသန်းပြနိုင်ခဲ့တဲ့ ချယ်လ်ဆီးကတော့ ဧည့်သည် ဆောက်သမ်တန်ရဲ့ မထင်မှတ်တဲ့ တုံ့ပြန်မှု ပုံစံကောင်းကြောင့် ရုန်းကန်ခဲ့ရပြီး (၀-၂)ဂိုးရလဒ်နဲ့ လက်မြှောက်အရှုံးပေးခဲ့ရပါတယ်။

အခုဆိုရင် ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့ အိမ်ကွင်း ပရီးမီးယားလိဂ်နောက်ဆုံးပွဲ (၄)ပွဲမှာ ဝက်စ်ဟမ်း၊ ဘုန်းမောက်နဲ့ ဆောက်သမ်တန်တို့ကို ရှုံးနိမ့်ခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ အပြာရောင်ခြင်္သေ့တို့အတွက် ၂၀၁၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အိမ်ကွင်းလိဂ် (၃)ပွဲဆက် ရှုံးနိမ့်မှုလည်းဖြစ်ပါတယ်။

ဆောက်သမ်တန်အသင်းအတွက် အနိုင်ဂိုးတွေကို အိုဘာဖီမီ (၃၁ မိနစ်)၊ ရက်မွန့်ဒ် (၇၃ မိနစ်)တို့က သွင်းယူပေးခဲ့တာဖြစ်ပြီး ချယ်လ်ဆီးကတော့ အော့ဒွိုင်း၊ အေဘရာဟင်တို့ အသုံးမချနိုင်မှုတွေကြောင့် အရေးနိမ့်ခဲ့ရတာလည်းဖြစ်ပါတယ်။

"အိမ်ကွင်းမှာ ရှုံးနိမ့်မှုတွေနဲ့ ပတ်သက်ပြီး လူတွေ ပြောဆိုနေခဲ့တဲ့အပေါ် ကျနော်တို့ ပိုပြီး ဖိအားတွေရှိနေပါတယ်။ ပြိုင်ဘက်တွေကို ဖြိုခွင်းမယ့် ချယ်လ်ဆီအသင်းလိုမျိုး ကျနော်တို့ ကစားနိုင်ခဲ့ခြင်း မရှိပါဘူး။"လို့ လမ်းပတ်က ပွဲအပြီးမှာ ပြောပါတယ်။

"ဒီနေ့ဆိုင်ရင် ကျနော်တို့ သုံးယောက်တန်း ကစားခဲ့တယ်။ ဒါပေမယ့် တိုက်စစ်ဆင်မှုအပိုင်းမှာ လုံလောက်တဲ့ စွမ်းဆောင်မှုမျိုး မရှိခဲ့ဘူး။ ဒါဟာ နည်းစနစ်ကျကျ ကစားနိုင်ခဲ့ခြင်း မဟုတ်ပါဘူး။

"ဒီနေ့မှာ ဘောလုံးကစားခြင်း အမြင်တွေထက် ပိုတဲ့ အကြောင်းတရားတွေရှိတယ်။ ကျနော်တို့ ဒါကို မလုပ်နိုင်ခဲ့ပါဘူး။

"ကျနော် အချိန်တိုင်း ဒီအကြောင်းအရာတွေကို သင်ယူနေခဲ့ပါတယ်။ ဒါဟာ တသတ်မတ်တည်းဖြစ်တည်ဖို့ လိုအပ်တယ်ဆို တိကျရှင်းလင်းတဲ့ ဖော်ပြချက်တစ်ခုပါ။ ဒါကို ခရစ္စမတ်ထိတိုင်အောင် ကျနော်တို့ သင်ယူနေရဆဲဖြစ်ပါတယ်။ ကျနော်တို့ ရှေ့ဆက် ကောင်းမွန်စွာ လျှောက်လှမ်းသွားရမှာဖြစ်ပြီး အိမ်ကွင်းမှာလည်း ပိုမိုအနိုင်ရယူသွားနိုင်ရမှာဖြစ်ပါတယ်။"

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly