မင်းသမီး Clara Lee အနုပညာလောကထဲသို့ ပြန်လည် ဝင်ရောက်တော့မည်

မင်းသမီး Clara Lee အနုပညာလောကထဲသို့ ပြန်လည် ဝင်ရောက်တော့မည်

ကိုရီးယားမင်းသမီး Clara Lee သည် အနုပညာလောကနှင့် သရုပ်ဆောင်လောကသို့ ပြန်လည် ဝင်ရောက်တော့မည်ဖြစ်သည်။

အသက် ၃၀ အရွယ် ရုပ်ရှင်ကြယ်ပွင့် Clara သည် Polaris Entertainment ကုမ္ပဏီနှင့် ဥပဒေ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် နိုင်ငံခြားသို့ ထွက်သွားခဲ့ခြင်း ဖြစ်သည်။ သူသည် ယခုအခါတွင် နိုင်ငံခြား တိုင်းပြည်တစ်ခုတွင် နေထိုင်လျက်ရှိသည်။

“အနုပညာလောကထဲကို လာမယ့်နှစ်လောက်မှာ သူ ပြန်လည် ဝင်ရောက်လိမ့်မယ်လို့ ယူဆရပါတယ်”ဟု Clara ၏ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

Clara သည် သူ၏ အေဂျင်စီဟောင်း Polaris Entertainment အား တရားစွဲထားသော အမှှုကို ယခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ပြန်လည် ရုပ်သိမ်းခဲ့ရာ သူနှင့် အေဂျင်စီအကြား ဥပဒေတိုက်ပွဲ ပြီးဆုံးသွားခဲ့သည်။ ထိုအမှှုမှာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလက စတင်ခဲ့ခြင်း ဖြစ်သည်။

Polaris ကုမ္ပဏီ ဥက္ကဋ္ဌဟောင်း Lee Kyu Tae သည် တယ်လီဖုန်း message များ ပို့ခြင်းအပါအဝင် နည်းလမ်းမျိုးစုံဖြင့် သူ့အား လိင်ပိုင်းဆိုင်ရာအရ အနှောင့်အယှက်များ ပေးခဲ့ကြောင်း Clara က စွပ်စွဲခဲ့ခြင်းဖြစ်သည်။

Ref: KDrama Stars

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags