ဂျိမ်း(စ်)ဘွန်း ဇာတ်ကားများမှနေ၍ မည်သည့်သင်ခန်းစာမျှ မရနိုင်ဟု ဂျိမ်း(စ်)ဘွန်း မင်းသား ပြော

ဂျိမ်း(စ်)ဘွန်း ဇာတ်ကားများမှနေ၍ မည်သည့်သင်ခန်းစာမျှ မရနိုင်ဟု ဂျိမ်း(စ်)ဘွန်း မင်းသား ပြော

ဂျိမ်း(စ်)ဘွန်း ဇာတ်ကားများမှနေ၍ ရုပ်ရှင်ပရိသတ်များ မည်သည့်သင်ခန်းစာမျှ ရရှိလိမ့်မည် မဟုတ်ကြောင်း ဂျိမ်း(စ်)ဘွန်းမင်းသား Daniel Craig က ဆိုလိုက်သည်။ The Red Bulletin မီဒီ ယာနှင့် အင်တာဗျူးတွင် မင်းသား Daniel Craig က ပြောလိုက်ခြင်း ဖြစ်သည်။

ယခုလ အစောပိုင်းကလည်း မင်းသား Daniel Craig က သူသည် Spectre ဇာတ်ကား နောက်ပိုင်းတွင် နောက်ထပ် ဂျိမ်း(စ်)ဘွန်းဇာတ်ကား တစ်ကားကို သရုပ်ဆောင်မည့်အစား သူ၏ လက်ကောက်ဝတ်ကိုသာ ဓားဖြင့် လှီးဖြတ်လိုက်မည်ဖြစ်ကြောင်း ဆိုခဲ့သည်။

အမျိုးသမီးများအပေါ် ဂျိမ်း(စ်)ဘွန်း၏ သဘောထားနှင့် ပတ်သတ်၍ Craig က “သူဟာ တကယ်တော့ အမျိုးသမီးတွေကို အထင်သေးသူ တစ်ယောက်ဆိုတာ မမေ့သင့်ပါဘူး” ဟု ဆိုခဲ့သည်။

Spectre ဇာတ်ကားမှာ Craig ၏ လေးကားမြောက် ဂျိမ်း(စ်)ဘွန်း ဇာတ်ကားဖြစ်ပြီး သူ၏ နောက်ဆုံး ဂျိမ်း(စ်)ဘွန်းဇာတ်ကားလည်း ဖြစ်ဖွယ် ရှိနေသည်။

သို့ရာတွင် သူစိတ်ပြောင်းသွားကာ ဂျိမ်း(စ်)ဘွန်း ဇာတ်ကားများအတွက် ဆက်လက် သရုပ် ဆောင်ခြင်းမျိုးလည်း ဖြစ်နိုင်ကြောင်း သူက ဘီဘီစီ သတင်းဌာနကို ပြောခဲ့သေးသည်။

Ref: TIME

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags