Therapeutic aboration ( တရားဝင် ကိုယ်ဝန်ဖျက်ချခြင်း) လုပ်သင့်တဲ့ အကြောင်းအရင်းများ

Therapeutic aboration ( တရားဝင် ကိုယ်ဝန်ဖျက်ချခြင်း) လုပ်သင့်တဲ့ အကြောင်းအရင်းများ

ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


တရားဝင် ကိုယ်ဝန်ဖျက်ချတယ်ဆိုတာ အမျိုးသမီးတဦးရဲ့ ကိုယ်ဝန်ကို ရည်ရွယ်ချက်ရှိရှိနဲ့ အဆုံးသတ်ခြင်းကို ခေါ်ပါတယ်။ ယေဘုယျအားဖြင့်တော့ ဆေးဝါးတွေရဲ့အကူအညီနဲ့ တရားဝင် ကိုယျဝနျဖကြျခြွခင်းကို လုပ်ဆောင်ပါတယ်။ ဒီလို လုပ်ဆောင်တဲ့အခါ ကိုယ်ဝန်လနုတုန်း လုပ်ဆောင်ရမှာဖြစ်ပြီး ကိုယ်ဝန်ရှစ်ပတ်ခန့်အထိ ပြုလုပ်နိုင်ပါတယ်။
ဘယ်လိုအခြေအနေတွေမှာ တရားဝင် ကိုယ်ဝန်ဖျက်ချခြင်း ပြုလုပ်နိုင်ပါသလဲ
သန္ဓေသားမှာ ပြဿနာရှိတဲ့ အခြေအနေများ ။ ။

  1.     Anencephaly – ဦးနှောက်နဲ့ ပင်မ ကျောရိုးကို ဖွဲ့စည်းပေးတဲ့ neural tubeကောင်းကောင်း မဖွံ့ဖြိုးတဲ့အခါ မွေးလာတဲ့ကလေးမှာ ဦးခေါင်းခွံ ပါမလာတာမျိုး၊ ဦးနှောက်ပါမလာတာမျိုး
  2.     ခရိုမိုဇုန်း ပုံမှန် မဟုတ်ခြင်း – ဗိုက်ထဲကသန္ဓေသားကို ခရိုမုန်းစစ်ဆေးကြည့်လိုက်တဲ့အခါ ခရိုမိုဇုန်း ပုံမှန် မဟုတ်လို့ ကလေးအသေမွေးနိုင်ချေများတဲ့အခါ
  3.     အာထရာဆောင်း ရိုက်ကြည့်တဲ့အခါ သန္ဓေသားခေါင်းထဲမှာရေစုလို့ သန္ဓေသားခေါင်းကြီးနေခြင်း
  4.     Potter’s Syndrome – ရေမြွှာရေ လုံလုံလောက်လောက်မရှိတဲ့အပြင် ဗိုက်ထဲက သန္ဓေသားလေးမှာ ကျောက်ကပ် နှစ်ခုလုံး ပါမလာခြင်း
  5.     Thanatophoric Dysplasia- ကိုယ်ပေါ်က အရိုးတွေဖြစ်တဲ့ ဦးခေါင်းခွံ၊ တို့ ခြေမွဲရိုး၊ လက်ဖျံရိုးတို့မှာ ပုံမှန်မဟုတ်တဲ့ ပြဿနာဖြစ်ပီး ပြင်းထန်လို့ အသက်သေဆုံးနိုင်ခြင်း ။ ။ စတဲ့ သန္ဓေသား ပုံမှန် မဟုတ်တဲ့ ပြဿနာတွေက မွေးလာမယ့် သန္ဓေသားကို ထိခိုက်စေပြီး အသေမွေးလာနိုင်တာကြောင့် ဒီလို ပြဿနာတွေရှိခဲ့ရင် တရားဝင်ကိုယ်ဝန် ဖျက်ချထားတာ အကောင်းဆုံးပါ။

ကိုယ်ဝန်မှာ ရှိတဲ့ ပြဿနာများ ။ ။

  •     Amniotic Bands( ရေမွှာအိတ်သရေကွင်းများ) – ရေမွှာအိတ်က ဖြစ်တဲ့ ကြိုးကွင်းတွေဟာ ကလေး လက်တို့ ခြေထောက်တို့မှာ ပတ်ပြီး ဗိုက်ထဲက ကလေးလက်တွေ ခြေထောက်တွေကို ပြတ်စေတဲ့ အခြေအနေမျိုး
  •     မိခင်ရဲ့ ကျန်းမာရေး အခြေအနေ – နာတာရှည်ဝေဒနာဖြစ်တဲ့ နှလုံးရောဂါ၊ ကင်ဆာရောဂါတို့ခံစားနေရပြီး ကိုယ်ဝန်ဆောင်ဖို့ မဖြစ်နိုင်တဲ့ အမျိုးသမီးတွေမှာ ကိုယ်ဝန်ရှိသွားတဲ့အခါ
  •     အမြွှာကလေးတွေ များလွန်းတဲ့အခါ – ဗိုက်ထဲ အာထရာဆောင်းရိုက်ကြည့်လိုက်လို့ အမွှှာကလေးတွေ များလွန်းတဲ့အခြေအနေမျိုးမှာ အသက်အရှင်နိုင်ဆုံး တစ်ယောက် နှစ်ယောက်ကိုရွေးပြီး ကယ်လိုက်တဲ့အခါမျိုး
  •     ကိုယ်ဝန်ဆိပ်ပြင်းထန်စွာ တက်တဲ့အတွက် မိခင်ရဲ့ ကျန်းမာရေး ပြင်းထန်စွာ ထိခိုက်တဲ့ အခါမျိုးမှာ တရားဝင်ကိုယ်ဝန် ဖျက်ချခြင်း လုပ်ရန် ဆရာဝန်တွေ ဘက်မှ ဆုံးဖြတ်လေ့ရှိပါတယ်။

တရားဝင် ကိုယ်ဝန်ဖျက်ချခြင်းကို ဘယ်လိုဆောင်ရွက်သလဲ

ဦးစွာ သင့်ဆရာဝန်အနေနဲ့

  1.     သင့်ကိုယ်ဝန် ဘယ်နှစ်ပတ်ရှိပြီလဲဆိုတာကို စမ်းသပ်ပါလိမ့်မယ်။
  2.     ကိုယ်ဝန်ရှိကြောင်း သေချာစေဖို့အတွက် သွေး/ဆီး စတာတွေကို စစ်ဆေးပါမယ်။
  3.     ကိုယ်ဝန်ရက်သတ္တပတ်ပမာဏကို ပိုမိုသေချာစေဖို့အတွက် အာထရာဆောင်း ရိုက်ခိုင်းပါလိမ့်မယ်။

ဒီလုပ်ငန်းစဉ်မှာ ထုံဆေး၊ မေ့ဆေး တွေ အသုံးပြုဖို့ မလိုအပ်ပါဘူး။ ဆရာဝန်က သင့်ကို ဆေးပေးပါလိမ့်မယ်။ ထိုးဆေး/သောက်ဆေး/မိန်းမကိုယ်အတွင်း ထည့်သွင်းရတဲ့ဆေး စသဖြင့် အမျိုးမျိုး ရှိပါတယ်။ နောက်ထပ် ၁ – ၃ ရက်အတွင်းမှာ ဆေးတမျိုး ထပ်ပေးပါလိမ့်မယ်။ နောက်ဆုံးမှာတော့ ကိုယ်ဝန်ဖျက်ချခြင်း အမှုကိစ္စ ပြီးမြောက်အောင်မြင်မှုရှိမရှိ သေချာစေဖို့အတွက် အာထရာဆောင်းတခါ ထပ်ရိုက်ပါလိမ့်မယ်။
တရားဝင် ကိုယ်ဝန်ဖျက်ချပြီးတဲ့အခါ ဘာတွေဆက်လုပ်ရမလဲ

  1.     ဗိုက်အောင့်ခြင်း၊သွေးဆင်းခြင်းတွေ ယာယီဆက်လက်ဖြစ်ပေါ်နိုင်ပါတယ်။
  2.     (ဆရာဝန်မှ အထူးတလည် ညွှန်ကြားခြင်းမရှိဘဲ) မိန်းမကိုယ်အတွင်း ဆေးကြောခြင်း၊ဆေးဝါးတမျိုးမျိုး ထည့်သွင်းခြင်းကို မပြုလုပ်ရပါဘူး။
  3.     ရေချိုးနိုင်ပါတယ်။
  4.     လိင်ဆက်ဆံခြင်းကို အနည်းဆုံးတပတ်လောက် ရှောင်ကျဉ်ရပါမယ်။
  5.     နှစ်ရက်၊သုံးရက်အကြာမှာ သင့်ကျန်းမာရေးအခြေအနေတွေ အကောင်းပကတိ ဖြစ်နေသင့်ပါပြီ။
  6.     ဆရာဝန်ပြန်ခေါ်တဲ့ ရက်ချိန်းအတိုင်း အတိအကျ သွားရပါမယ်။
  7.     ကိုယ်ဝန်ဖျက်ချခြင်းနဲ့အတူ ဟော်မုန်းအပြောင်းအလဲတွေလည်း ရှိလာနိုင်တာမို့ အပြစ်ရှိသလို ခံစားရခြင်း၊ဒေါသထွက်ခြင်း၊ဝမ်းနည်းပူဆွေးကြေကွဲခြင်း၊နောင်တရခြင်း စတဲ့ ခံစားမှုမျိုးစုံ ရောပြွမ်းနေနိုင်ပါတယ်။ ဒါကြောင့် တတ်ကျွမ်းနားလည်တဲ့ ပညာရှင်တွေဆီမှာ နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်းကို ခံယူဖို့ ဆရာဝန်တွေက အကြံပြုလေ့ရှိပါတယ်။

ဒါတွေဟာ Therapeutic abortion လို့ခေါ်တဲ့ တရားဝင်ကိုယ်ဝန်ဖျက်ချခြင်းအကြောင်း သိကောင်းစရာလေးတွေပါ။ ကျွန်တော်တို့ နိုင်ငံမှာ ဒီဥပဒေမရှိသေးတဲ့အတွက် အရေးပေါ်သေရေးရှင်ရေး အခြေအနေကလွဲပြီး ကိုယ်ဝန်ကို မိမိသဘောနဲ့မိမိ ဖျက်ချခြင်း မပြုရပါဘူး။ ဒါပေမယ့် လိင်အသိပညာပေးအားနည်းလှတဲ့ ဒီနိုင်ငံမှာ မလိုလားအပ်တဲ့ ကိုယ်ဝန်ရရှိနှုန်း မြင့်မားနေရုံသာမက အရပ်လက်သည်နဲ့ဖြစ်ဖြစ်၊ကိုယ့်ဖာသာ ကြိတ်ပြီးတော့ပဲဖြစ်ဖြစ် ကိုယ်ဝန်ဖျက်ချလို့ ရေတိမ်နစ်ခဲ့ရသူတွေလည်း မနည်းပါဘူး။ ဒါကြောင့် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေရဲ့ အကူအညီကို ယူပြီး ဆေးရုံတွေမှာ တရားဝင် ဖျက်ချခွင့်ရှိမယ်ဆိုရင် အသေအပျောက်နှုန်းတွေ နည်းသွားမလားဆိုတာ စဉ်းစားစရာပါပဲ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly