အမေရိကန်နှင့် ကုန်သွယ်ရေးစစ်ကြောင့် ယုံကြည်ချက် ပျက်ပြားနေသည့် တရုတ် ကုန်ထုတ်လုပ်မှု စီးပွားရေး

အမေရိကန်နှင့် ကုန်သွယ်ရေးစစ်ကြောင့် ယုံကြည်ချက် ပျက်ပြားနေသည့် တရုတ် ကုန်ထုတ်လုပ်မှု စီးပွားရေး

ဒီဇင်ဘာ ၂၆။         ။ ရှန်ဟိုင်းအခြေစိုက် စက်ရုံပိုင်ရှင်နှင့် တရုတ်၏ အကြီးဆုံး စက်ဘီးထုတ်လုပ်တင်ပို့လုပ်ငန်းရှင် ကျိလိုင်သည် ထရမ့်အစိုးရကြောင့် အသက်ရှုပေါက် အနည်းငယ် ချောင်လည်ခဲ့ရသည်။

အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးက စက်ဘီး၏ ဘီးအချင်း ၅၀ စင်တီမီတာနှင့် ၅၅ စင်တီမီတာကြား စက်ဘီးများကို သွင်းကုန်ထပ်တိုးခွန် ၂၅ ရာခိုင်နှုန်းမှ ဖယ်ရှားပေးလိုက်ခြင်းကြောင့် ဖြစ်သည်။

သို့သော်လည်း ကျိလိုင်၏ မိသားလုပ်ငန်းဖြစ်သော Shanghai General Sports ကုမ္ပဏီအနေဖြင့် အမေရိကန်သို့ အဓိက စက်ဘီးတင်ပို့နေခြင်းကြောင့် အခြားသော အမေရိကန်အခွန်များ၏ ဒဏ်ကို ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေရသည်။

ရေရှည်ဖြစ်ပွားသော အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ကြောင့် ယခုနှစ် ထုတ်ကုန်စွမ်းအား၏ ၂၀ ရာခိုင်နှုန်းကို ကျိလိုင်က လျှော့ချခဲ့ရသည်။ ယင်းနှုန်းထားပမာဏသည် အမေရိကန်၏ အဝယ်အမှာစာနှုန်းထားနှင့် အတူတူပင် ဖြစ်တော့သည်။

ထို့အတွက် ကျိလိုင်အနေဖြင့် ကမ္ဘောဒီးယားတွင် စက်ရုံတစ်ရုံဖွင့်လှစ်ရန် စီစဉ်လာရတော့သည်။ ဈေးပေါသော အလုပ်သမားနှင့် တရုတ်ကုန်စည်များအပေါ် ချမှတ်ထားသော အမေရိကန်၏ စည်းကြပ်ခွန်များကို ရှောင်ရှားရန်ဖြစ်သည်။

ကျိလိုင်ကဲ့သို့ပင် ကုန်သွယ်ရေးစစ်က တွန်းပို့နေသည့် ချောက်ကမ်းပါးကို ရှောင်ရှားရန် တရုတ်ကုန်ထုတ်လုပ်ငန်းရှင် တော်တော်များများလည်း ထုတ်ကုန်အခြေစိုက်အဖြစ် အခြားအာရှနိုင်ငံသို့ ဈေးကွက် ရှေရှုလာကြသည်။

တရုတ်နိုင်ငံသည် ယခုနှစ်အတွက် စီးပွားရေးဖွံ့ဖြိုးမှု ရည်မှန်းမှတ်ကို ၆ ဒသမ ၀ ရာခိုင်နှုန်းမှ ၆ ဒသမ ၅ ရာခိုင်နှုန်းကြား ရောက်ရှိမည်ဟု မျှော်လင့်ထားသည်။ သို့သော် ကမ္ဘာဒုတိယစီးပွားရေးအကြီးဆုံး တရုတ်နိုင်ငံ၏ ကြီးမားသော စိုးရိမ်ပူပန်ရမှုမှာ ကုန်ထုတ်လုပ်ငန်းရှင်များ၏ ၎င်းတို့ စီးပွားရေး၏ အနာဂတ်အောင်မြင်မှုနှင့် ပတ်သက်ပြီး ယုံကြည်ချက်များ ပျောက်ရှလာခြင်းပင် ဖြစ်တော့သည်။

ယခုနှစ်၏ ပထမ ၁၁ လတာကာလအတွင်း တရုတ်ကုန်ထုတ်လုပ်မှုကဏ္ဍ၌ ရင်းနှီးမြုပ်နှံမှုသည် ၂ ဒသမ ၅ ရာခိုင်နှုန်းသို့ ကျဆင်းသည်။ ယင်းနှုန်းထားသည် ၂၀၀၄ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးနှုန်းထားပင်ဖြစ်သည်ဟု အမျိုးသားစာရင်းအင်းဗျူရိုအရ သိရသည်။

ယင်းသို့ နိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍ၌ ရင်းနှီးမြုပ်နှံမှု စံချိန်တင်အောင် ကျဆင်းခြင်းသည် အမေရိကန်နှင့် ကုန်သွယ်ရေးစစ်က တရုတ်ကုန်ထုတ်လုပ်မှုကဏ္ဍအား ချောက်ကမ်းပါးဆီ တွန်းပို့နေတော့ခြင်း၏ သက်ရောက်မှုများကြောင့်ပင် ဖြစ်တော့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly