ပစ်ခတ်သတ်ဖြတ်မှုဖြင့် ဖိလစ်ပိုင်တွင် ထိမ်းသိမ်းထားသော သံတမန်နှစ်ဦး တရုတ်သို့လေယာဉ်ဖြင့်ပြန်ပို့

ပစ်ခတ်သတ်ဖြတ်မှုဖြင့် ဖိလစ်ပိုင်တွင် ထိမ်းသိမ်းထားသော သံတမန်နှစ်ဦး တရုတ်သို့လေယာဉ်ဖြင့်ပြန်ပို့

မနီလာ၊ အောက်တိုဘာ ၂၄ ။               ။ ဖိလစ်ပိုင်တွင် လုပ်ကိုင်ကိုင်ဖက်နှစ်ဦးကို သေစေကာ တစ်ဦးကို ဒဏ်ရာရစေခဲ့သော သေနတ်ဖြင့်ပစ်ခတ်မှုအတွက် တရားခွင်ရင်ဆိုင်ရန် တရုတ်သံတမန်နှစ်ဦးကိ တရုတ်သို့ လေယာဉ်ဖြင့်ပြန်ပို့လိုက်ပြီဟု ဖိလစ်ပိုင်အာဏာပိုင်များက အောက်တိုဘာ ၂၄ တွင် ပြောကြားခဲ့သည်။

ဖိလစ်ပိုင်းအလယ်ပိုင်းစီဘူးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်မှာ ပစ်ခတ်မှု၌ လည်ပင်းတွင် ထိမှန်ခဲ့သော်လည်း မသေဘဲလွတ်မြောက်ခဲ့သည်။ သို့သော်လည်း ၎င်း၏ဝန်ထမ်းနှစ်ဦးမှာ အောက်တိုဘာ ၂၁က စားသောက်ဆိုင်တစ်ခုတွင် နေ့လည်စာစားချိန်အတွင်း တိုက်ခိုက်ခံရမှုတွင် သေဆုံးခဲ့သည်။

"သူတို့(သံသယရှိသူတွေ) မနေ့ညကပဲ စီဘူးကနေ တရုတ်အရှေ့တောင်ပိုင်းကရှာမင်းကို တိုက်ရိုက်ပျံတဲ့လေယာဉ်နဲ့ ထွက်ခွာသွားခဲ့ပါတယ်"ဟု ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောခွင့်ရပုဂ္ဂိုလ် ချားလ်စ်ဟိုဆေးက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။ ၎င်းတို့အား တရုတ်တွင် တရားစွဲဆိုသွားမည်ဖြစ်ကြောင်းလည်း ချားလ်စ်က ပြောကြားခဲ့သည်။ ပစ်ခတ်တိုက်ခိုက်ရခြင်း၏ အကြောင်းရင်းကို မသိရသေးပေ။ ထို့အပြင် ကောင်စစ်ဝန်ရုံးတွင် ၎င်းတို့ရယူထားသော ရာထူးအဆင့်ကိုလည်း ရှင်းလင်းစွာမသိရသေးပေ။

တရုတ်တွင် သေဒဏ်ရှိသော်လည်း ဖိလစ်ပိုင်တွင် သေဒဏ်မရှိပေ။ တိုက်ခိုက်မှုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကိုလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက မထုတ်ပြန်သေးကြောင်း သိရသည်။

သံသယရှိသူများကို လွှဲပြောင်းကြောင်း ဖိလစ်ပိုင်အစိုးရ၏ ကြေညာချက်အပေါ် သူမအနေဖြင့် သုံးသပ်ပြောကြားစရာမရှိဟု တရုတ်သံရုံးမှ ပြောခွင့်ရအမျိုးသမီး လီလင်းရှောင်က အေအက်ဖ်ပီသို့   ပြောကြားခဲ့သည်။

သေဆုံးသူများနှင့် ပစ်ခတ်သူများမှာ ကောင်စစ်ဝန်ချုပ် ဆုန်ရုံးဟွာ၏ မွေးနေ့အခမ်းအနားတွင် စုဝေးခဲ့သည့် ညစာစားပွဲတက်သူ တရုတ်ကိုးဦးထဲတွင် ပါဝင်သည်ဟု အထက်တန်းစီဘူးစားသောက်ဆိုင်မှ ဝန်ထမ်းများက အစောပိုင်းက ပြောကြားခဲ့သည်။ ပစ်ခတ်သည့်စုံတွဲမှာ တရုတ်သံတမန်များဖြစ်ကြောင်း မနီလာရှိ တရုတ်သံရုံးက ပြောကြားခဲ့ပြီး ဖိလစ်ပိုင်တွင် သံတမန်ကင်းလွတ်ခွင့်ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly